မတ် ၂၃

ဂျပန်နိုင်ငံတစ်ဝန်းရှိ ခရိုင်ကိုးခုတွင် ပြည်နယ်အုပ်ချုပ်ရေးရေးမှူးရာထူးများအတွက် ရွေးကောက်ပွဲကျင်းပရန် မဲဆွယ်စည်းရုံးမှု စတင်လုပ်ဆောင်နေသည်ဟု သိရသည်။

အဆိုပါရွေးကောက်ပွဲသည် နိုင်ငံတစ်ဝန်းတွင် လေးနှစ်တစ်ကြိမ်ကျင်းပသော ဒေသတွင်းရွေးကောက်ပွဲများဖြစ်ကြောင်း ဖော်ပြထားသည်။

လူသစ်များနှင့် လက်ရှိတာဝန်ထမ်းဆောင်နေသူများသည် ဟော့ကိုင်းဒိုး၊ ခါနာဂါဝါ၊ ဖူကူအီ၊ အိုဆာကာ၊ နာရာ၊ တော့တာရီ၊ ချီမာနိ၊ တိုကူချီမားနှင့် အိုအီတာခရိုင်တို့တွင် အုပ်ချုပ်ရေးမှူးရာထူးများအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခဲ့ကြသည်။

ထိုရွေးကောက်ပွဲများသည် ဧပြီ ၉ ရက်တွင် ကျင်းပမည်ဟုသိရသည်။ မဲဆွယ်စည်းရုံးရာတွင် အဓိကအချက်အနေဖြင့် ကလေးမွေးဖွားနှုန်း ကျဆင်းနေချိန်တွင် ကလေးများကိုထောက်ပံ့ပေးရန်နှင့် ကလေးများကိုပြုစုပျိုးထောင်ပေးရန် မူဝါဒများပါဝင်သည်။

ကိုယ်စားလှယ်လောင်းများက ဒေသတွင်းစီးပွားရေးလုပ်ငန်းများကို ပြန်လည်ဦးမော့လာစေရေးအာရုံစိုက် လုပ်ဆောင်ရန်လည်း မျှော်မှန်ထားသည်။

အထက်လွှတ်တော်နှင့်အောက်လွှတ်တော် လစ်လပ်နေရာငါးနေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲများကိုလည်း ဧပြီ ၂၃ ရက်တွင် ကျင်းပသွားမည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို