ဇူလိုင် ၂၇
ဂျပန်နိုင်ငံတစ်ဝန်းတွင် အသက်အန္တရာယ်ရှိသောအပူချိန်မြင့်မားမှုများ ဖြစ်ပေါ်လျက်ရှိပြီး အပူလျှပ်မှု မဖြစ်ပွားစေရေး ဂရုစိုက်နေထိုင်ကြရန် တာဝန်ရှိသူများက တိုက်တွန်းပြောကြားထားသည်။
မိုးလေဝသအေဂျင်စီက တိုကျိုမြို့တွင် အပူချိန် ၃၅ ဒသမ ၆ ဒီဂရီစင်တီဂရိတ်ရှိပြီး တိုကျိုအနီး စီတာမာစီရင်စုရှိ ကိုရှိဂါယာမြို့တွင် ၃၇ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ရှိသည်ဟု ဆိုသည်။ မွန်းလွဲပိုင်းတွင် အပူချိန်ပိုမိုမြင့်မားလာဖွယ်ရှိသည်။
အိုဆာကာ၊ နာဂိုယာနှင့် စီတာမာကဲ့သို့သောမြို့များတွင် အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်ရှိပြီး ကျိုတိုမြို့တွင် ၃၉ ဒီဂရီစင်တီဂရိတ်ရှိသည်။
နိုင်ငံအတွင်းရှိ ခရိုင် ၄၇ ခုအနက် ခရိုင် ၃၇ ခုတွင် အပူလျှပ်ခြင်းဆိုင်ရာသတိပေးချက်များထုတ်ပြန်ထားသည်။
ယခုလအစောပိုင်းမှစတင်ကာ အပူလျှပ်ခြင်းဆိုင်ရာလက္ခဏာများဖြင့် ဆေးရုံများသို့ရောက်ရှိလာသူ များပြားလာပြီး အချို့သောလူနာများသည် သေဆုံးသွားကြသည်ဟု သိရသည်။
လာမည့်သီတင်းပတ်အထိ အပူချိန်ဆက်လက်မြင့်မားဖွယ်ရှိသည်။ သို့ဖြစ်၍ နေအိမ်အတွင်းနေထိုင်သူများအနေဖြင့် အခန်းအပူချိန်များလျှော့ချခြင်းနှင့် အရည်များများသောက်သုံးခြင်းတို့ပြုလုပ်ကြရန် တာဝန်ရှိသူများက တိုက်တွန်း ပြောကြားထားသည်။
မိုးလေဝသတာဝန်ရှိသူများက ရုတ်တရက်မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းများ တိုက်ခတ်ခြင်း တို့ဖြစ်ပေါ်နိုင်သည်ဟု သတိပေးပြောကြားထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို