တိုကျို ဇူလိုင် ၂၅

ဂျပန်နိုင်ငံတစ်ဝန်း၌ အပူချိန်မြင့်တက်လျက်ရှိပြီး ဇူလိုင် ၂၄ ရက်တွင် အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်လာကြောင်း ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီက ပြောသည်။

ဇူလိုင် ၂၄ ရက် မွန်းလွဲ ၃ နာရီအထိ ဂျပန်နိုင်ငံတစ်ဝန်း နေရာပေါင်း ၁၆၁ ခုတွင် အပူချိန် ၃၅ ဒီဂရီ သို့မဟုတ် ၎င်းနှင့်အထက်ရှိသည့် အတွက် အပူပြင်းဆုံးနေ့တစ်နေ့ဖြစ်ကြောင်း ဂျပန် မိုးလေဝသအေဂျင်စီ(ဂျီအမ်အေ)၏ ထုတ်ပြန်ချက်အရ သိရသည်။

ဂွန်းမခရိုင် အိစဲစာကိုမြို့၌ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် ၃၉ ဒသမ ၅ ဒီဂရီအထိရှိကာ အဆိုပါခရိုင် ကိယုမြို့တွင်လည်း ၃၉ ဒသမ၂ ဒီဂရီ အထိရှိခဲ့သည်။ ဟာတိုယာမမြို့ တွင် ၃၉ ဒီဂရီ၊ ဆာနိုနှင့် ကိုဖုမြို့တို့တွင် ၃၈ ဒသမ ၇ ဒီဂရီ အပါအဝင် အခြားသော နေရာများတွင်လည်း အပူချိန် မြင့်တက်လျက်ရှိကြောင်း ဂျီအမ်အေက ပြောသည်။

ထို့အပြင် တိုကျိုမြို့အလယ်ပိုင်း အချို့နေရာများတွင် ၃၆ ဒသမ ၆ ဒီဂရီအထိ မြင့်တက်လျက်ရှိကြောင်း အဆိုပါ အေဂျင်စီက ဖြည့်စွက် ပြောသည်။

ဆင်ဟွာ