တိုကျို ဩဂုတ် ၂
အင်အားပြင်း ခါနွန် တိုင်ဖွန်း မုန်တိုင်းသည် ဂျပန်နိုင်ငံ တောင် ပိုင်း အိုကီနာဝါသို့ အလျင်အမြန် ချဉ်းကပ် တိုက်ခတ်နေချိန်တွင် မုန်တိုင်းအရှိန်ကြောင့် အသက်၉၀အရွယ် အဘိုးအိုတစ်ဦးသေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်းဂျပန်မိုးလေဝသအေဂျင်စီက ဩဂုတ် ၂ ရက် တွင် သတင်းထုတ်ပြန် ဖော်ပြ လိုက်သည်။
မုန်တိုင်းနှင့်အတူ ဖြစ်ပေါ် လာသော လေပြင်းတိုက်ခတ်မှု များကြောင့် အိုကီနာဝါခရိုင်ရှိ အဘိုးအိုနေ အိမ်ကားဂိုဒေါင်ပြိုကျခဲ့ရာ အဘိုးအိုမှာ အပျက်အစီး များကြား ပိတ်မိနေခဲ့ပြီး နောက် ဆေးရုံသို့ ပို့ဆောင် ထားစဉ်ဆေးရုံ ၌ သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။
တိုင်ဖွန်းမုန်တိုင်း ဆက်လက် အားကောင်းစွာ တိုက်ခတ်ဦးမည် ဖြစ်သောကြောင့် လေပြင်းတိုက် ခတ်ခြင်းများ၊ မုန်တိုင်းဒီရေများ နှင့် လှိုင်းကြီးခြင်းများကို သတိထားကြရန် ဂျပန်မိုးလေဝသဌာန က သတိပေးချက် ထုတ်ပြန်ထားသည်။ ယခုနှစ်အတွင်း ခြောက်ကြိမ် မြောက် မုန်တိုင်းဖြစ်သော ခါနွန်သည် အင်အားကောင်းစွာ ဆက်လက် တိုက်ခိုက်ဦးမည်ဟု မျှော်လင့်ရသော်လည်း အရှေ့ တရုတ်ပင်လယ်တွင် အင်အား လျော့နည်းသွားမည်ဟု ခန့်မှန်းရသည်။
သို့သော်လည်း မုန်တိုင်းအရှိန်ကြောင့် အိုကီနာဝါတွင် လေပြင်းတိုက်ခတ်မှုများနှင့် လှိုင်းကြီးခြင်းများ ဆက်လက်ဖြစ်ပေါ်ဦးမည် ဖြစ်ကြောင်း ဂျပန်မိုးလေဝသ ဌာနက ဖော်ပြထားသည်။
ဩဂုတ် ၃ ရက်မွန်းလွဲအထိ ၂၄ နာရီအတွင်း အိုကီနာဝါ၌ မိုးရေချိန် ၂၀၀ မီလီမီတာအထိ ရောက်ရှိနိုင်ပြီး အာမာမီ-အိုရှီမာ ကျွန်း၌ မိုးရေချိန် ၁၂၀ မီလီမီတာအထိ ရောက်ရှိနိုင်ကြောင်း သိရသည်။
ဆင်ဟွာ