ဂျပန်နိုင်ငံတွင် အပူချိန်မြင့်တက်လာသည့်အတွက် အပူလျှပ်ခြင်း အန္တရာယ်ရှိလာ

တိုကျို ဩဂုတ် ၃

 

ဂျပန်နိုင်ငံတွင် ဩဂုတ်၂ ရက်က အနောက်ပိုင်းမှ မြောက်ပိုင်းအထိ အပူချိန်များ မြင့်မားလျက်ရှိသည်။ အပူလျှပ်ခြင်းမှ ရှောင်ရှားနိုင်ရေးအတွက် ပြည်သူများ မကြာခဏအနားယူရန်နှင့် အေးမြသည့် နေရာများတွင် နေထိုင်ရန် မိုးလေဝသအာဏာပိုင်များက တိုက်တွန်းထားသည်။ ဂျပန်နိုင်ငံတောင်ပိုင်းမှ ပူနွေးစိုစွတ်သော လေများဝင်ရောက်လာခြင်းကြောင့်လည်း အပူချိန်မြင့်မားစေသည်ဟု မိုးလေဝသ အေဂျင်စီက ပြောသည်။

 

ဩဂုတ် ၂ ရက် နံနက် ၁၁ နာရီခွဲအထိ နီဂါတာတွင် အပူချိန် ၃၅ ဒသမ ၇ ဒီဂရီရှိပြီး ကျိုတိုခရိုင်ရှိ မီရာဇုမြို့ တွင် ၃၅ ဒသမ ၅ ဒီဂရီ၊ ဖူကူရှီးမားတွင် ၃၃ ဒသမ ၉ နှင့် တိုကျိုမြို့တွင် ၃၃ ဒသမ ၁ ဒီဂရီ ရှိသည်ဟု သိရသည်။ ဩဂုတ် ၂ ရက်မွန်းလွဲပိုင်းတွင် အပူချိန်များ ဆက်လက်မြင့်မားလာနိုင်သည်ဟု မျှော်မှန်းထားသည်။ စိုထိုင်းမှု သိပ်သည်းဆမှာလည်း မြင့်မားလျက်ရှိသည်။ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှ အနောက်ပိုင်းအထိ အပူလျှပ်မှုအတွက် သတိပေးချက်များထုတ်ပြန်ထားသည်။

 

ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်ထွက်ခြင်း မှရှောင်ရှားရန် အရည်ခဏခဏသောက်ရန် လေအေး ပေးစက်အသုံးပြုရန် အပြင်သို့ ထွက်သည့်အခါ လူအချင်းချင်းစိတ်ချရသည့် အကွာအဝေးရှိပါက၊ ပါးစပ်၊ နှာခေါင်းစည်း ခေတ္တဖြုတ်ထားရန်အတွက်လည်း တိုက်တွန်းထားသည်။

 

အင်န်အိတ်ချ်ကေ