၁၉ နိုဝင်ဘာ
ဂျပန်နိုင်ငံတွင် ဗုဒ္ဓဟူးနေ့ အတွင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများမှာ စံချိန်တင်ခဲ့သည်။
ဗိုင်းရပ်စ် ကူးစက်မှုပေါင်း ၂၂၀၀ အထိ ရောက်ရှိခဲ့ကြောင်း တာဝန်ရှိသူများက အတည်ပြုပြောကြားခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလက နေ့စဉ် ကူးစက်မှု ၁၀၀၀ အောက်တွင်သာ ရှိခဲ့သော်လည်း နိုဝင်ဘာလ၏ ပထမနှစ်ပတ် အတွင်းမှာပဲ ကူးစက်မှု ကိန်းဂဏန်းများမှာ မြင့်တက်လာခဲ့ပြီး တတိယလှိုင်း ကူးစက်မှုများနှင့် ပတ်သက်ပြီးလည်း စိုးရိမ်မှုများလည်း မြင့်တက်လျက်ရှိသည်။
ယခုအချိန်တွင် နေ့စဉ်ကူးစက်မှု ၂၀၀၀ ကျော်သို့ ရောက်ရှိလာလျက်ရှိသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာနေခြင်းနှင့် ပတ်သက်ပြီး သတိပေးချက် တစ်ရပ်ကို ယနေ့(ကြာသပတေးနေ့)တွင် ထုတ်ပြန်ရန် တိုကျိုမြို့တော် အစိုးရက စီစဉ်လျက်ရှိသည်။
ဟော့ကိုင်းဒိုးစီရင်စု မြောက်ပိုင်းတွင်လည်း ပြီးခဲ့သည့် ဆယ်ရက်က နေ့စဉ်ကူးစက်မှု ၂၀၀ သာ ရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့သည်။
မြို့တော် ဆပ်ပိုရိုသို့ မသွားရောက်ကြရန် လူအများကို တာဝန်ရှိသူများက တိုက်တွန်းထားလျက် ရှိသည်။
ဆပ်ပိုရိုမြို့သို့ မဖြစ်မနေ ကိစ္စရှိမှသာ သွားရောက်ကြရန် လူအများကို တာဝန်ရှိသူများက တိုက်တွန်းထားလျက်ရှိသည်။
လူစည်ကားရာ နေရာများနှင့် လုပ်ငန်းခွင်များမှတစ်ဆင့် အစုလိုက် အပြုံလိုက် ကူးစက်မှုများ ဖြစ်ပေါ်လာမည်ကို ကျွမ်းကျင်သူများက စိုးရိမ်လျက်ရှိသည်။
ယခုအခါတွင် ကျေးလက်ဒေသများ၊ ဆေးဖက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာများတွင် အစုလိုက် အပြုံလိုက် ကူးစက်မှုများ ဖြစ်ပေါ်လျက် ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်
