၁၁ ဇွန်

 

ဂျပန်နိုင်ငံ အ‌‌နောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် သောကြာနေ့နံနက်အစောပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပေါ်နိုင်ကြောင်း  မိုးလေဝသမှ ကြိုတင် ခန့်မှန်းထားလျက် ရှိသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှု နှင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်ကြောင်း   မိုးလေဝသဌာနက သတိပေးလျက်ရှိသည်။

 

ဂျပန်နိုင်ငံ အနောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် လေထုက မငြိမ်မသက်မှုများ ဖြစ်ပေါ်နိုင်ပြီး ဟွန်ရှူးဒေသ တစ်လျှောက်တွင်  ပူနွေးသော စိုစွတ်သောလေများ တိုက်ခတ်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသ အေဂျင်စီက ပြောကြားခဲ့သည်။

 

သောကြာနေ့ နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ အနောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် မိုးများ ပိုမိုရွာသွားမည်ဟု မျှော်လင့်ရကြောင်းနှင့် မိုးရွာသွန်းမှုမှာ တစ်နာရီလျှင် ၅၀ မီလီမီတာအထိ ရွာသွန်းသည့် မိုးသက်မုန်တိုင်းများ ကျရောက်နိုင်သည်ဟု ဆိုသည်။

 

လျှပ်စီးလျက်ခြင်းနှင့် လေပြင်းများ တိုက်ခတ်ခြင်းတို့ကြောင့် မြေနိမ့်ပိုင်း ဒေသများတွင် ရေလွမ်းခြင်းနှင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်ကြောင်း အဆိုပါ အေဂျင်စီက သတိပေးလျက်ရှိသည်။

 

အဆိုပါ ဒေသတွင် နေထိုင်သည့် သူများအတွက် အန္တရာယ်ရှိနိုင်သဖြင့် ဘေးကင်းရာသို့ ထွက်ခွာကြရန် လူအများကို မိုးလေဝသဌာနက သတိပေးလျက်ရှိသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

 

1