၆ အောက်တိုဘာ
ဂျပန်နိုင်ငံတွင် ရောက်ရှိနေကြသော မဲဆန္ဒပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားများက ယနေ့ ၆-၁၀-၂၀၂၀ ရက်၊ နံနက် ၀၈၃၀ နာရီမှ မွန်းလွဲ ၁၇၀၀ နာရီအထိ မြန်မာသံရုံး၊ တိုကျိုမြို့၌ ဖွင့်လှစ်ထားသည့် မဲရုံတွင် စတုတ္ထနေ့အဖြစ် ကြိုတင်ဆန္ဒမဲများ လာရောက်ပေးခဲ့ကြသည်။
ယနေ့တွင် တိုကျိုမြို့တော်နှင့် ကန်တိုဒေသရှိ Chiba, Kanagawa, Saitama, Ibaraki, Tochigi, Gunma ပြည်နယ်များ၌ နေထိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသား (၄၁၈) ဦးမှ မြန်မာသံရုံးသို့ လာရောက်ခဲ့ကြပြီး၊ စည်းကမ်းတကျ ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြပါသည်။ ထို့အပြင်၊ မဲဆန္ဒရှင်များအနေဖြင့် ကော်ရိုနာဗိုင်းရတ်စ် တားဆီးကာကွယ်ရေး ဒေသဆိုင်ရာ ကျန်းမာရေး အစီအမံကိုလည်း အလေးထား လိုက်နာဆောင်ရွက်ခဲ့ကြသည်။
ယနေ့ မြန်မာသံရုံးသို့ ကြိုတင်မဲဆန္ဒပေးရန် လာရောက်ကြသူများအား မြန်မာသံရုံးမှ ဝန်ထမ်းများမှ လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြပြီး၊ ရှီနာဂါဝါရဲတပ်ဖွဲ့မှ လိုအပ်သည့် လုံခြုံရေး အစီအမံများ ချမှတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
Crd#နိုင်ငံခြားရေးဝန်ကြီးဌာန


