ဂျပန်နိုင်ငံတွင် ဝေလငါး အသား လေလံပွဲ ကျင်းပ

၄  ဇူလိုင်

 

ဂျပန်နိုင်ငံဟာ စီးပွားဖြစ်ဝေလငါး ဖမ်းဆီးသတ်ဖြတ်မှုကို ပိတ်ပင်ထားခဲ့ရာမှာ ယခု သီတင်းပတ် အစောပိုင်းက ပြန်လည်ခွင့်ပြုလိုက်ပြီး ပထမဆုံး ဝေလငါး အသားလေလံပွဲကို ဂျပန်နိုင်ငံအနောက်ပိုင်းတွင် ယနေ့ ကျင်းပခဲ့သည်။

 

ပြီးခဲ့သည့် တနင်္လာနေ့က ဟော့ကိုင်းဒိုး ကျွန်းကနေ ဝေလငါးဖမ်း ရေယာဉ်အုပ်စု တစ်စု ထွက်ခွာသွားခဲ့ပြီး ရက်အနည်းငယ်အကြာမှာ ဝေလငါး နှစ်ကောင်ကို ဖမ်းဆီးရမိခဲ့သည်။  ၎င်း ဝေလငါးနှစ်ကောင်အနက် ၆၆ ကီလိုဂရမ်ရှိ အသားများကို လေလံပွဲရှိရာ ဝါကာယာမာ စီရင်စုတိုင်ဂျီ မြို့သို့ ပို့ဆောင်ခဲ့သည်။

 

အလားတူ တနင်္လာနေ့မှာပဲ ဂျပန်နိုင်ငံ အနောက်ပိုင်း ရာမာဂူချီ စီရင်စုရှိ ရှီမိုနိုဆဲကိ ဆိပ်ကမ်းကနေ ဝေလငါးဖမ်းဆီးမည့် ရေယာဉ်စု တစ်စုထွက်ခွာသွားခဲ့ကြောင်း သိရသည်။

 

ဂျပန်နိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ဝေလငါးကော်မရှင် (IWC) ကနေ တရားဝင် နှုတ်ထွက်ပြီးနောက် စီးပွားဖြစ်ဝေလငါး ဖမ်းဆီးမှုကို ပြန်လည် စတင်လာခြင်းဖြစ်သည်။

 

၁၉၄၈ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ဝေလငါးကော်မရှင်ကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၅၁ တွင် ဂျပန်နိုင်ငံသည် အဖွဲ့ဝင်နိုင်ငံဖြစ်လာသည်။ ၁၉၈၂ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ဝေလငါးကော်မရှင်အဖွဲ့ဝင် နိုင်ငံများက  စီးပွားဖြစ် ဝေလငါး ဖမ်းဆီးသတ်ဖြတ်မှုကို ဆိုင်းငံထားရန် သဘောတူညီခဲ့ကြသည်။ဂျပန်နိုင်ငံကလည်း ၁၉၈၈ ခုနှစ်တွင် စီးပွားဖြစ် အမဲလိုက်သတ်ဖြတ်မှုကို ရပ်တန့်ခဲ့သော်လည်း သုတေသနလုပ်ငန်း ဆောင်ရွက်ရန် အကြောင်းပြချက်ဖြင့် ဝေလငါးများကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း နိုင်ငံတကာက ဝေဖန်မှုများ ရှိခဲ့သည်။

 

SMZaw (MDN)
Source> Kyodonews