တိုကျို ဩဂုတ် ၂၁

 

ဂျပန်နိုင်ငံဝန်ကြီးချုပ် ဖူမီယိုကီရှီဒါ သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရကြောင်း ဂျပန်နိုင်ငံအစိုးရက ဩဂုတ် ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

ဂျပန်နိုင်ငံအစိုးရအဖွဲ့ အတွင်းဝန်ရုံး၏ ပြောကြားချက်အရ ဂျပန်နိုင်ငံဝန်ကြီးချုပ် ကီရှီဒါသည် ဩဂုတ် ၂၀ ရက် ညနေပိုင်းတွင် အဖျားအနည်းငယ်တက်လာပြီး ချောင်းဆိုးခြင်းကဲ့သို့သော လက္ခဏာများ ပေါ်ပေါက်လာခဲ့ကြောင်း သိရသည်။

 

ဩဂုတ် ၂၁ ရက်တွင် PCR စမ်းသပ်မှု ရလဒ်အရ ဂျပန်နိုင်ငံဝန်ကြီးချုပ် ကီရှီဒါ သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဂျပန်နိုင်ငံအစိုးရက အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဂျပန်နိုင်ငံဝန်ကြီးချုပ် ကီရှီဒါသည် ၎င်း၏မိသားစုနှင့်အတူ သီတင်းပတ် တစ်ပတ်ကြာ နွေရာသီအားလပ်ရက်များကို ဖြတ်သန်းခဲ့ပြီးနောက် ဩဂုတ် ၁၅ ရက်တွင် ၎င်း၏ မူလလုပ်ငန်းတာဝန်များ ကို ပြန်လည်ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဂျပန်ဝန်ကြီးချုပ် ကီရှီဒါသည် ၎င်း၏တရားဝင်နေအိမ်၌ ပြန်လည်ကျန်းမာလာပြီဖြစ်သဖြင့် မူလတာဝန်များကို ဆက်လက်ထမ်းဆောင်နေပြီ ဖြစ်သော်လည်း လာမည့်သီတင်းပတ်အတွင်း တူနီးရှားနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားသည့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း ဂျပန်နိုင်ငံ၏ အများပြည်သူပိုင် ရုပ်သံလိုင်း တစ်ခုဖြစ်သည့် အင်န်အိတ်ချ်ကေသတင်း ဌာနက သတင်းထုတ်ပြန်ခဲ့သည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်