တိုကျို ဇွန် ၁၆

ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနှင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမိုမြင့်မားလာစေရန် ဂျပန်နိုင်ငံသို့ အိန္ဒိယဝန်ကြီးချုပ် လာရောက်လည်ပတ်စဉ်အတွင်း ကတိပြုခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်ကီရှီဒါနှင့် ဝန်ကြီးချုပ် မိုဒီတို့သည် အီတလီနိုင်ငံ၌ G-7 ထိပ်သီးအစည်းအဝေး၏ နောက်ထပ်အစည်း အဝေးတစ်ခုတွင် ဇွန် ၁၄ ရက်က တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။  ယခုလ  အစောပိုင်းက ၎င်း၏ တတိယအကြိမ်မြောက် ဝန်ကြီးချုပ်တာဝန် စတင်ထမ်းဆောင်သည့် အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် ထိပ်သီးအစည်းအဝေးသို့     ဖိတ်ကြား ထားသည့် ကမ္ဘာ့ခေါင်းဆောင်များထဲမှ ပါဝင်သည်။

ဂျပန်-အိန္ဒိယ    အထူးမဟာ ဗျူဟာနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုသည် ၁၀ နှစ်မြောက် ရှိပြီဖြစ် ကြောင်း၊  လာမည့် ၁၀ နှစ်အတွင်း   နှစ်နိုင်ငံဆက်ဆံရေး  ပိုမိုမြင့်မားလာမည်ဟု မျှော်လင့်မိကြောင်း ကီရှီဒါက  မှတ်ချက်ပြုပြောကြားသည်။

အိန္ဒိယသည် နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်ရန် ဂျပန်နိုင်ငံနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်လိုကြောင်း မိုဒီက ပြန်လည်ပြောကြားသည်။

အင်န်အိတ်ချ်ကေ