၃ ဖေဖော်ဝါရီ

 

ဂျပန်နှင့် အမေရိကန် နိုင်ငံတို့သည် ဂျပန်နိုင်ငံတွင် အမေရိကန် တပ်ဖွဲ့များ တပ်စခန်းချထားသည့် စစ်ရေး ကုန်ကျစရိတ်ကို ဂျပန်နိုင်ငံက မျှဝေကျခံမှုနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။ ဂျိုးဘိုင်ဒင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်သည့် အချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် အဆိုပါ အလုပ်အဆင့် ဆွေးနွေးပွဲကို ယမန်နေ့က ဗွီဒီယိုလင့်ခ်ဖြင့် ပြုလုပ်ခဲ့သည်။

 

ထိုဆွေးနွေးပွဲနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ ဖော်ပြခြင်း မရှိပေ။

 

ဂျပန်အစိုးရက ငါးနှစ်တစ်ကြိမ် ထိုစစ်ရေး ကုန်ကျစရိတ် မျှဝေကျခံမှုကို သဘောတူညီခဲ့သည်။

 

သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက် နောက်ဆုံး ဆွေးနွေးမှုများကို နိုဝင်ဘာလက စတင်ပြုလုပ်ခဲ့သော်လည်း နှစ်ဖက် သဘောတူညီချက် မရရှိခဲ့ပေ။

 

ဂျပန်နိုင်ငံ၏ အဆိုပြုချက်ကို ဘိုင်ဒင် အစိုးရက အပြုသဘောဖြင့် တုံ့ပြန်အကြောင်းကြားခဲ့သည်။

 

ဂျပန်နှင့် အမေရိကန် နိုင်ငံတို့က လက်ရှိစစ်ရေး သဘောတူညီချက် သက်တမ်း မကုန်ဆုံးမီ မတ်လတွင် စစ်ရေး ဆွေးနွေးမှု ဆက်လက် လုပ်ဆောင်ရန် မျှော်မှန်းထားသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို