ဂျပန်နှင့် ဗြိတိန်တို့ ဘရက်ဆစ်အလွန် ကုန်သွယ်ရေးသဘောတူညီချက်အတွက် ဆွေးနွေး
တိုကျို ၈ ဩဂုတ်
ဂျပန်နှင့် ဗြိတိန်တို့အနေဖြင့် ဘရက်ဆစ်အလွန်ကာလအတွင်း ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်ရရှိရန် ဆောင်ရွက်နေကြောင်း သိရသည်။ နှစ်နိုင်ငံဆွေးနွေးမှုများအတွင်း လုပ်ငန်းများနှင့် စက်မှု ထုတ်ကုန်များအပေါ် အခွန်စည်းကြပ်မှု၊ ဒစ်ဂျစ်တယ်ဆိုင်ရာ အချက်အလက်များနှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ညှိနှိုင်းဆွေးနွေးဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတာဂီတိုရှီမစ်ဆုနှင့် ဗြိတိန်အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးဝန်ကြီး လစ်ထရက်စ်တို့အနေဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ အစိတ်အပိုင်းအဖြစ် အဆိုပါလုပ်ငန်းများ၏ အချက်အလက်များအပေါ်တွင် ညှိနှိုင်းဆွေးနွေးခဲ့ ကြသည်။ ။
အဆိုပါဆွေးနွေးပွဲအတွင်း ထုတ်ပြန်ခဲ့သော တားမြစ်ချက်အရ သက်ဆိုင်ရာအစိုးရများအနေဖြင့် ကုမ္ပဏီများထံမှ အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စများမှလွဲပြီး အခြားကိစ္စရပ်များအတွက် အချက်အလက် တောင်းခံခြင်းကို ပိတ်ပင်ခဲ့ကြောင်း သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-စိုးသူရ