ဝါရှင်တန် ၂၉ ဧပြီ
ဂျပန်နှင့် ကုန်သွယ်ရာတွင် အမေရိကန်၏ ကုန်သွယ်ရေးဆိုင်ရာ လိုငွေပြမှုကို လျှော့ချနိုင်ရန် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး ကြိုးပမ်းလိမ့်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မျှော်လင့်လျက်ရှိကြောင်း သိရသည်။
ဧပြီ ၂၇ ရက်က ဝစ္စကွန်ဆင်၌ ပြုလုပ်သည့် လူထုစုဝေးမှုအတွင်း မိန့်ခွန်းပြောကြားခဲ့ရာတွင် ထရမ့်က ကုန်သွယ်ရေးဆိုင်ရာ လိုငွေပြမှုနှင့်ပတ်သက်သည့် ၄င်း၏ မျှော်လင့်ချက်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံသည် မော်တော်ကားများကို အခွန်အခနည်းပါးစွာဖြင့် တင်ပို့နေကြောင်း၊ သို့သော်လည်း အမေရိကန်က တင်ပို့လိုသည့် လယ်ယာစိုက်ပျိုးရေး ထွက်ကုန်များကို ဝယ်ယူခြင်းမရှိကြောင်း သမ္မတထရမ့်က ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် ဆယ်စုနှစ်များစွာကြာသည်အထိ ဂျပန်နှင့် အခြားနိုင်ငံများဆီသို့ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့် ဆုံးရှုံးနေခဲ့သည်ဟု ၄င်းကဆိုသည်။ သမ္မတ ထရမ့်က ဝန်ကြီးချုပ်မစ္စတာ အာဘေးသည်။
၄င်း၏မိတ်ဆွေ တစ်ဦးဖြစ်ကြောင်း၊ သို့သော်လည်း ဂျပန်နှင့် အမေရိကန်တို့သည် အမေရိကန်၏ ကုန်သွယ်ရေးလိုငွေပြမှုကို လျော့ကျစေရန် တစ်ခုခုလုပ်ရလိမ့်မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
အင်န်အိတ်ချ်ကေ