တိုကျို၊ ဒီဇင်ဘာ၊ ၁၉
ဂျပန်နှင့် ထိုင်းနိုင်ငံတို့သည် ဂျပန်မော်တော်ကား ထုတ်လုပ်သူများ ထိုင်းနိုင်ငံတွင် လျှပ်စစ်ကားများ ထုတ်လုပ်ရောင်းချနိုင်စေရန် ကူညီဆောင်ရွက်ပေးမည့် မူဘောင်တစ်ရပ်ကို လုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်။
ဂျပန်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု နှစ် (၅၀) ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဂျပန်နိုင်ငံသို့ ရောက်ရှိလာသည့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဆရတ်သာသာဗီဆင်နှင့် တွေ့ဆုံစဉ် ဂျပန်နိုင်ငံဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ထိုင်းနိုင်ငံ၌ ဆောင်ရွက် လျက်ရှိသော ဂျပန်ကားထုတ်လုပ်သူများကို ပံ့ပိုးကူညီရန် တောင်းဆိုခဲ့သည်။
ဝန်ကြီးချုပ် ဆရတ်သာကလည်း အကူအညီပေးအပ်ရန် သဘောတူခဲ့ပြီး တရားဝင်ဆွေးနွေးပွဲများ ထူထောင်ရန်နှင့် အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်အတွက် ထိုင်းနိုင်ငံအစိုးရအနေဖြင့် ဂျပန်နိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်ပြုရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ပြောကြားသည်။
ထိုင်းနိုင်ငံသို့ လာရောက်မည့် ဂျပန်နိုင်ငံသားများအတွက် ရက်ပေါင်း ၃၀ အထိ ဗီဇာကင်းလွတ်ခွင့် ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီတွင် စတင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။
အင်န်အိတ်ချ်ကေ