ဂျပန်နှင့်ကုန်သွယ်ရာတွင် အမေရိကန် လိုငွေပြဟု သမ္မတ ထရန့် ပြော

အမေရိကန်ပြည်ထောင်စု၏ ဂျပန်နိုင်ငံနှင့် ကုန်သွယ်မှုလိုငွေမှာ များပြားလွန်းကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေဖြင့် ကုန်ထုတ်လုပ်မှုကို တိုးမြှင့်ရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားသည်။ 

ယမန်နေ့က အိမ်ဖြူတော်တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့်ပြုလုပ်သည့် အလုပ်အကိုင်ပြဿနာများအကြောင်း ဆွေးနွေးသည့် အစည်းအဝေးတစ်ခုအတွင်း ထရန့်က ပြောကြားခဲ့ခြင်းဖြစ်သည်။

 

mdn

 

ကုမ္ပဏီများစွာ အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်လုပ်ကိုင်လျက်ရှိကြောင်း၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာ ဘေးနှင့်တွေ့ဆုံစဉ် အမေရိကန်ပြည်ထောင်စုသို့ စက်ရုံ ၇ ရုံကျော် လာရောက်ဖွင့်လှစ်ရန် ပြောကြားခဲ့ကြောင်း ထရန့်က ပြောကြားသည်။ ထရန့်က အသေးစိတ်ကိုမူ  ရှင်းပြခြင်း မရှိခဲ့ပေ။

၂၀၁၈ခုနှစ်အတွင်း အမေရိကန်နိုင်ငံ၏ ဂျပန်နိုင်ငံနှင့် ကုန်သွယ်မှုလိုငွေပြမှုမှာ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၆၇ ဒသမ ၆ ဘီလီယံရှိပြီး ယမန်နှစ်ကထက် အနည်းငယ်လျော့နည်းသွားကြောင်း အမေရိကန်ပြည်ထောင်စုရှိ အချက်အလက်များက ဖော်ပြခဲ့သည်။

တတ်နိုင်သမျှ အမြန်ဆုံး ဂျပန်နိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်ရေးဆွေးနွေးပွဲစတင်ရန် အမေရိကန်အစိုးရက မျှော်လင့်လျက်ရှိသည်။ အမေရိကန်နိုင်ငံ၏ ဘဏ္ဍာရေးလိုငွေပြမှုကို လျော့ချရန်အတွက် ဂျပန်နိုင်ငံထံမှ မော်တော်ကားနှင့် အခြားကုန်ပစ္စည်းတင်သွင်းမှုများ အမေရိကန်က လျော့ချလိုသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn