တိုကျို အောက်တိုဘာ ၂၃

 

ဂျပန်ပင်လယ်ကမ်းရိုးတန်းရှိ  ကန်နာဇာဝါမြို့၌ လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့ရာ အဆောက်အအုံအချို့ ပျက်စီးခဲ့သည်။

 

အအေးဒဏ်ကြောင့် ရာသီဥတုပြင်းထန်လာသည့်အချိန်တွင် လေဆင်နှာမောင်းဝင်ရောက် တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသအေဂျင်စီက ပြောသည်။ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ကန်နာဇာဝါမြို့ရှိ ပြတိုက်အဝင်ဝ တံခါးမှန်များ ကွဲအက်သွားခဲ့ကြောင်း သိရသည်။ 

 

လေဆင်နှာမောင်းတိုက်ခတ်စဉ် ကြီးမားသော အသံကိုကြားရပြီး မြူမှုန်ဖြူများ လှည့်ပတ်နေသည့် ပုံသဏ္ဌာန်ကို မြင်လိုက်ရသည်ဟု ပြတိုက်မန်နေဂျာက ဆိုသည်။ ဧည့်သည်များ ထိခိုက်ဒဏ်ရာရခြင်း မရှိသည့်အတွက်  စိတ်သက်သာရာ ရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

နီးအနားရှိ အဆောက်အအုံတစ်ခု၏ ခေါင်မိုးများ လွင့်ထွက်ပြီး ဓာတ်အားလိုင်းများ ပြတ်တောက်သွားကြောင်းလည်း ၎င်းက ဆိုသည်။

 

ဖုန်မှုန့်များနှင့်  ဆောက်လုပ်ရေးပစ္စည်းများ ဝေဟင်တွင် ဝဲပျံနေသည့်အတွက် အန္တရာယ်အလွန်များကြောင်း ဒေသခံအမျိုးသားတစ်ဦးက   ပြော ကြားသည်။

 

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- အောင်ကျော်ကျော်