အိုဆာကာ ၁၇ ဇွန် 

ဇွန် ၁၆ ရက်တွင်  ရဲအရာရှိတစ်ဦးအား ဓားနှင့် ထိုးကာ သေနတ်လုယူသွားခဲ့သူသည် ဇွန် ၁၇ ရက်အထိ သေနတ်ပြန်လည်အပ်နှံမှုမရှိပါက ဒေသတွင်းရှိ စာသင်ကျောင်းများ ပိတ်ထားရမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ အိုဆာကာ မြို့အုပ်ချုပ်ရေးမှူး    ဟီယိုဖူမီ  ရိုရှီမူရာက  ပြောကြားခဲ့သည်ဟု   ယနေ့အင်န်အိတ်ချ်ကေ  သတင်းတစ်ရပ်အရ သိရသည်။

အဆိုပါဓားထိုးမှုဖြစ်စဉ်သည် ဂျပန်နိုင်ငံအနောက်ပိုင်း ဆူတာမြို့ရှိ လုံခြုံရေးရဲအရာရှိများ စုဝေးသောနေရာ အနီး၌ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရဲအရာရှိတစ်ဦးအား ဗိုက်ကိုဓားဖြင့်ထိုးခဲ့ပြီး  ကျည်ဆန်များ အပြည့်ထည့်ထားသော ပစ္စတိုတစ်လက်အား  ပြစ်မှုကျူးလွန်သူက လုယူသွားခဲ့ကြောင်း သိရသည်။

ရိုရှီမူရာက    ပြစ်မှုကျူးလွန်သူတွင်  သေနတ်ပါရှိကြောင်း မီဒီယာသို့ပြောကြားခဲ့သည်။

အကယ်၍ ပြစ်မှုကျူးလွန်သူသည် ဇွန် ၁၇ ရက် နံနက်၆  နာရီအထိ          လာရောက်ဖမ်းဆီးခြင်းမခံသေးပါက အနီးဝန်းကျင်ရှိ စာသင်ကျောင်း ၅၁ ကျောင်းအား ယာယီပိတ်သိမ်းထားမည်ဖြစ်သည်။

ဒေသခံပြည်သူများအား  မိမိတို့နေထိုင်ရာနေအိမ်အတွင်း၌နေကြပြီး      တံခါးများခိုင်မြဲစွာ    ပိတ်ထားရန်တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် သင်္ကာမကင်းဖြစ်သူများတွေ့ရှိပါက ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားပေးရန်  ဒေသခံများအား တိုက်တွန်းပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ