၁၃ ဖေဖော်ဝါရီ
သွေးကင်ဆာရောဂါခံစားနေရသော ဂျပန်ရေကူး အကျော်အမော်ဖြစ်သူ ရီကာကို အိုင်ကီး သည် သူ၏ရောဂါ စတင်ကုသမှုခံယူမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါ သွေးကင်ဆာကုသမှုသည် ခြောက်လကျော် ကြာမြင့်မည်ဖြစ်ကြောင်း ဂျပန်ရေကူးအဖွဲ့ချုပ်နှင့် နီးစပ်သူများက ဆိုသည်။
အိုင်ကီး သည် အမျိုးသမီး မီတာ ၁၀ဝ လိပ်ပြာရေကူးနည်း အပါအဝင် ပြိုင်ပွဲများစွာတွင် စံချိန်ချိုးခဲ့သူတစ်ဦး ဖြစ်သည်။ သွေးကင်ဆာရောဂါခံစားရကြောင်း သူ၏တွစ်တာပေါ်တွင် ယမန်နေ့က ရေးသားထားခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက သြစတြေးလျနိုင်ငံတွင် လေ့ကျင့်နေသော အိုင်ကီးသည် ကျန်းမာရေးချို့တဲ့လာသဖြင့် ဖေဖော်ဝါရီလ အစောပိုင်းက ဂျပန်နိုင်ငံသို့ ပြန်လာခဲ့ပြီး ယခုဆေးရုံတက် ကုသမှုခံယူနေကြောင်း သိရသည်။
အသက် ၁၈ နှစ်အရွယ် အိုင်ကီး က ကျန်းမားရေးကောင်းမွန်လာရန် အေးဆေးအနားယူပြီး ကုသမှုခံယူမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို