ဂျပန်ရင်းနှီးမြှုပ်နှံမှု ကော်ပိုးရေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ လစာအငြင်းပွားမှုအပေါ် နှုတ်ထွက်ဖွယ်ရှိ

ဂျပန်ရင်းနှီးမြှုပ်နှံမှု ကော်ပိုးရေးရှင်း (JIC)၏ အလုပ်အမှုဆောင် အဖွဲ့ဝင်များက ၎င်းတို့သည် စက်မှုဝန်ကြီးဌာနနှင့်  လစာအငြင်းပွားမှုအကြား နှုတ်ထွက်ဖွယ်ရှိ်ကြောင်း ဆိုသည်။

ဂျပန်ရင်းနှီးမြှုပ်နှံမှု ကော်ပိုးရေးရှင်း(JIC)  ဥက္ကဌနှင့် အလုပ်အမှုဆောင် ဒါရိုက်တာများက နှစ်စဉ်လစာ ယန်း သန်း၁၀ဝ ကျော် သို့မဟုတ် ဒေါ်လာ ၉ သိန်းကျော်  ရရှိမည်ဟု နှစ်ဦးနှစ်ဖက် ကနဦးသဘောတူညီခဲ့ကြကြောင်း သိရသည်။

သို့သော်လည်း  ဤလစာငွေပမာဏသည် အလွန်မြင့်မားသည်ဟု  မီဒီယာများက ရေးသားဖော်ပြလာသဖြင့်  အဆိုပါဝန်ကြီးဌာနက ယင်းလစာငွေပမာဏကို ပြန်လည်စဉ်းစားရန် ဂျပန်ရင်းနှီးမြှုပ်နှံမှု ကော်ပိုးရေးရှင်းကို တောင်းဆိုခဲ့ကြောင်း၊ သို့သော် ဂျပန်ရင်းနှီးမြှုပ်နှံမှု ကော်ပိုးရေးရှင်းက ငြင်းဆိုခဲ့သဖြင့် ယင်းဝန်ကြီးဌာနက ထိုလစာပမာဏကို သဘောမတူရန် ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ဂျပန်ရင်းနှီးမြှုပ်နှံမှု ကော်ပိုးရေးရှင်း (JIC)က ရင်းနှီးမြှုပ်နှံမှုစတင်ရန် ဒေါ်လာ ၁၇ ဒသမ ၇ ဘီလီယံ ခန့်နှင့် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို