မန္တလေး ၂၀ ဇန်နဝါရီ
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် The Japan Foundation Yangon တို့မှကြီးမှူးကျင်းပမည့် ဂျပန်ရုပ်ရှင်ပွဲတော် (Japanese film Festival 2020) ကို မန္တလေးမြို့ ဝင်းလိုက်ရုပ်ရှင်ရုံတွင် ဇန်နဝါရီ(၃၁) ရက်မှဖေဖော်ဝါရီ(၂)ရက်အထိ မွန်းလွဲ ၃ နာရီခွဲပွဲနှင့် ညနေ ၆ နာရီခွဲနှစ်ပွဲအား ဝင်ကြေး အခမဲ့ဖြင့်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၀ ခုနှစ် ဂျပန်ရုပ်ရှင်ပွဲတော်တွင် ရင်ခုန်စိတ်လှုပ်ရှားစရာ ဂျပန်ရုပ်ရှင်ဇာတ်ကားများ ပါဝင်သည်။ ဂျပန်ရုပ်ရှင် ဇာတ်ကားများသည် မြန်မာ အင်္ဂလိပ် စာတမ်းထိုး ဇာတ်ကားများဖြစ်ပြီး ရုပ်ရှင်လက်မှတ် များကို ပွဲမစမီ တစ်နာရီကြိုတင်၍ ဦးရာလူစနစ်ဖြင့် အခမဲ့ ထုတ်ယူနိုင်သည်။ ရုပ်ရှင်စတင်ပြသချိန်မှ ၁၀ မိနစ်အထိ လာရောက်ကြည့်ရှု့ခြင်းမရှိလျှင် အခြားကြည့်ရှု့လိုသူများသို့ လက်မှတ်များ ပေးအပ်သွားမည် ဖြစ်သည်။ ဂျပန်ရုပ်ရှင်ဇာတ်ကားများ ကြည့်ရှု့ပြီး ဂျပန်ယဉ်ကျေးမှု အမြင်များအား SurveyForm များဖြည့်ပေးရန် ဂျပန်ဖောင်ဒေးရှင်းက မေတ္တာရပ်ခံထားသည်။
သီဟကိုကို(မန္တလေး)