ဒီဇင်ဘာ  ၂၀

ဂျပန်နိုင်ငံသို့     လာရောက်သည့်    နိုင်ငံခြားသားခရီးသွားဦးရေမှာ ကပ်ရောဂါမတိုင်မီကာလ   ၂၀၁၉   ခုနှစ်မှစတင်၍  ပထမဆုံးအကြိမ် အဖြစ် သန်း ၂၀ ကျော်လွန်လာပြီဟု သိရသည်။  နိုဝင်ဘာလအတွင်း ဂျပန်နိုင်ငံသို့ လာရောက်သည့် ခရီးသွားပေါင်း ၂ ဒသမ ၄၄ သန်းရှိ သည်ဟု  ဂျပန်အမျိုးသားခရီးသွား လုပ်ငန်းအဖွဲ့အစည်းကပြောသည်။  ခရီးသွားဦးရေ နှစ်သန်းကျော်လွန်သည်မှာ ခြောက်လဆက်တိုက် ရှိပြီ ဖြစ်သည်။                                                

အင်န်အိတ်ချ်ကေ