ဂျပန်သို့လာရောက်သည့် နိုင်ငံခြားခရီးသွားများ မေလတွင် စံချိန်တင်များပြား

၂၀ ဇွန်

 


ဂျပန်နိုင်ငံသို့လာရောက်သည့် နိုင်ငံခြားခရီးသွားများအရေအတွက်မှာ မေလတွင် အမြင့်ဆုံးစံချိန်တင်များပြားခဲ့သည်။ ခရီးသွားလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူများက ဗီဇာစည်းကမ်းချက်များ လျော့ချခဲ့ခြင်းကြောင့် တရုတ်ပြည်မကြီးမှ ခရီးသွားများ ပိုမိုများပြားခဲ့သည်ဟု ဆိုသည်။

 


ဂျပန်အမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့အစည်း၏ ကြိုတင်ခန့်မှန်းချက်တွင် ပြီးခဲ့သည့် မေလ က ခရီးသွား ၂ ဒသမ ၇၇ သန်းကျော် ဂျပန်နိုင်ငံသို့လာရောက်ခဲ့ရာ အစောပိုင်းနှစ်ကထက် ၃ ဒသမ ၇ ရာခိုင်နှုန်း ပိုမိုများပြားခဲ့ကြောင်း ဖော်ပြထားသည်။

 


ဂျပန်နိုင်ငံသို့ လာရောက်သည့် တရုတ်ပြည်မကြီးမှ ခရီးသွားအရေအတွက်မှာ ၇၅၆၄၀ဝ ရှိကာ ၁၃ ဒသမ ၁ ရာခိုင်နှုန်း တိုးပွားလာခဲ့သည်။

 


ဂျပန်အစိုးရသည် တရုတ်ပြည်မကြီးမှ အကြိမ်ပေါင်းများစွာ လာရောက်လည်ပတ်ခဲ့သည့် ပြည်သူများနှင့် တက္ကသိုလ်ကျောင်းသားများအတွက် ဗီဇာစည်းကမ်းချက်များကို ဇန်နဝါရီလက လျှော့ချခဲ့သည်ဟုသိရသည်။ ထိုင်ဝမ်ခရီးသွားအရေအတွက် ၃ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းနေစဉ် တောင်ကိုရီးယားမှ ခရီးသွားအရေအတွက် ၅ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျခဲ့သည်။

 


ဂျပန်အစိုးရ၏ ရည်မှန်းချက်မှာ ၂၀၂၀ ခုနှစ် နိုင်ငံခြားခရီးသွားဧည့်သည်  သန်း ၄၀ လာရောက်ရေးဖြစ်ပြီး ယင်းရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဂျပန်ခရီးသွားလုပ်ငန်းအေဂျင်စီ၏ အကြီးအကဲဖြစ်သူ Hiroshi Tabata က ဆိုသည်။

 


ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို