ဖေဖော်ဝါရီ ၈


ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းတွင် အအေးဓါတ်လွန်ကဲနေပြီး အပူချိန် သုည အဆင့်အောက် ကျဆင်းနေကြောင်း သိရသည်။
ပြည်တွင်း မိုးလေဝသဌာန က ဟော့ကိုင်းဒိုးကျွန်းအထက် ၁၅၀ဝ မီတာခန့် တွင် အပူချိန် အနှုတ် ၂၄ ဒီဂရီ ဆဲလ်ဆီးရပ် အောက် ရောက်ရှိပြီး စံချိန်တင် အေးခဲနေသည် ဟု ပြောကြားခဲ့သည်။


ယနေ့မနက် ၆ နာရီ အပူချိန်တိုင်းတာချက်အရ ရီကူဘတ်ဆု မြို့တွင် အနှုတ် ၁၈ ဒသမ ၁ ဒီဂရီ ၊ အန်ဂါယူ မြို့တွင် အနှုတ် ၁၆ ဒသမ ၄ ဒီဂရီ နှင့် ဆပ်ပိုရို မြို့တော်တွင် အနှုတ် ၁၁ ဒသမ ၄ ဒီဂရီ ရှိကြောင်း ဖော်ပြထားသည်။


မိုးလေဝသဌာနက အဆိုပါ စီရင်စု ၏ နေရာတော်တော်များများတွင် တစ်နေ့တာအတွင် းအနှုတ် ၁၀ ဒီဂရီ ခန့်တွင် ရှိနေဖွယ် ဖြစ်သည်ဟု ဆိုသည်။


တာဝန်ရှိသူများက ရက်သတ္တပတ် ကြာ အအေးဓါတ်လွန်ကဲမှု ဆက်လက်ဖြစ်ပေါ်နိုင်သဖြင့်  ရေပိုက်များ အေးခဲနေမှုများ နှင့် အပြင်ဘက်ထွက်မည့် သူများ သတိထားကြရန် သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။


ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို