၂၂ ဇန်နဝါရီ
ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကူးစက်မှုကြောင့် စီးပွားရေး လုပ်ငန်းများ အထိနာခဲ့သဖြင့် ဂျပန်နိုင်ငံရှိ စစ်တမ်း ကောက်ယူသည့် ကုမ္ပဏီများက ၂၀၂၀ ခုနှစ်အတွင်း အလုပ်သမား ဦးရေ ၁၈၀၀၀ ထက်မနည်း ဆန္ဒအလျောက် အနားယူရန် ပြောကြားခဲ့သည်။
Tokyo Shoko စီးပွားရေး သုတေသန အဖွဲ့က ၂၀၂၀ ခုနှစ်တွင် ဆန္ဒအလျောက် အလုပ်ရပ်နားသည့် စာရင်းရှိ ကုမ္ပဏီ ၉၃ ခု ရှိသည်ဟု ဆိုသည်။
အဝတ်အစားနှင့် အထည်အလိပ် ကုမ္ပဏီများသည် အထူးသဖြင့် ၎င်းတို့၏ အလုပ်သမား အင်အားကို လျှော့ချရန် စိတ်အားထက်သန်နေကြပြီး ထိုကုမ္ပဏီများအနက် ၁၈ ခုသည် စောစီးစွာ ရပ်နားထားသည်။ မော်တော်ကားနှင့် အီလက်ထရွန်နစ် စက်မှုလုပ်ငန်းများနှင့် ကဏ္ဍ အသီးသီးရှိ ကုမ္ပဏီ ၁၁ ခုလည်း ရပ်နားထားခဲ့သည်။
အဆိုပါ ကိုဗစ်ရောဂါ ကူးစက်မှု ဆိုးရွားလာပါက ဂျပန်နိုင်ငံ၏ အလုပ်အကိုင် အခြေအနေမှာ ပိုမိုဆိုးရွား လာနိုင်သည်ဟု သုတေသီများက ဆိုသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို
