၁၃ ဇန်နဝါရီ

 

 

ဂျပန်အစိုးရက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြင့်မားလာခြင်းကို ကာကွယ်ရန် ကြိုးစားဆောင်ရွက်သည့် အနေဖြင့် ယနေ့တွင် အရေးပေါ် အခြေအနေ ကြေညာချက် သက်တမ်း တိုးမြှင့်သွားဖွယ် ရှိသည်။

 

 

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာချက်များသည် တိုကျိုမြို့နှင့် အနီးနားရှိ စီရင်စုသုံးစုတွင် အကျုံးဝင်နေဆဲဖြစ်သည်။

 

 

ထိုကြေညာချက်သည် ဇန်နဝါရီ ၈ ရက်က စတင်ကာ သက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်နေ့ထိ သက်ရောက်မည် ဖြစ်သည်။

 

 

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စီမံချက်တွင် အိုဆာကာ၊ ယိုဂို၊ ကျိုတို၊ အီချီ၊ ဂျီဖူ၊ ဖူကူအိုကာနှင့် တိုချီဂီ ပြည်နယ်ခုနစ်ခု ပါဝင်လာဖွယ်ရှိသည်ဟု သိရသည်။

 

 

အရေးပေါ် အခြေအနေ စီမံချက်တွင် စားသောက်ဆိုင်နှင့် ဘားများ ည ၈ နာရီအထိသာ ဖွင့်လှစ်ရန်ပါရှိပြီး ပြည်သူများအနေဖြင့် မလိုအပ်ပဲ အပျော်ခရီးထွက်ခြင်းကို ရှောင်ကြဉ်ရန် ပြောကြားထားသည်။ လူအများ တက်ရောက်သည့် အမျိုးမျိုးသော အခမ်းအနားပွဲများကိုလည်း ကန့်သတ်ထားမည် ဖြစ်သည်။

 

 

ကိုးကား-အင်အန်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို