၁၄ ဇန်နဝါရီ

 

 

ဂျပန်အစိုးရက နိုင်ငံအတွင်း ဝင်ရောက်လာသူများအား ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သီးသန့်နေထိုင်မှု အစီအမံများ တိုးမြှင့်လုပ်ဆောင်နေသည်။

 

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မြင့်မားလာသဖြင့် ယနေ့မှစတင်ကာ ဂျပန်နိုင်ငံသို့ ဝင်ရောက်လာသူအားလုံးသည် နိုင်ငံအတွင်း ရောက်ရှိလာပြီးနောက် ၁၄ ကြာ သီးခြားခွဲနေထိုင်ရန် တောင်းဆိုရမည်ဖြစ်ပြီး ၎င်းတို့၏ ပစ္စည်းများပေါ်တွင် တည်နေရာပြ အချက်အလက် ထားရှိရမည် ဖြစ်သည်။

 

 

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အစီအမံများကို တင်းကျပ်စွာ လုပ်ဆောင်ရန် ယနေ့မှစတင်ကာ နိုင်ငံခြားသားများ အားလုံး ဂျပန်နိုင်ငံသို့ ဝင်ခွင့် ဆိုင်းငံ့ထားသည်။

 

 

ဂျပန်နိုင်ငံသားများနှင့် နေထိုင်ခွင့်ရရှိထားသည့် နိုင်ငံခြားသားများကို နိုင်ငံအတွင်း ဝင်ခွင့်ပြုခဲ့သော်လည်း ၎င်းတို့အနေဖြင့် သီးသန့်ခွဲနေထိုင်ရမည့် အစီအမံများကို လက်ခံရန် တောင်းဆိုရမည် ဖြစ်သည်။

 

 

နိုင်ငံအတွင်းသို့ ဝင်ရောက်လာသူများသည် နေအိမ်၊ အခြားအဆောက်အဦများတွင် သီတင်းနှစ်ပတ်ကြာ နေထိုင်ရမည် ဖြစ်ပြီး အများသုံး သယ်ယူပို့ဆောင်ရေး စနစ်များကို အသုံးပြုခြင်း မရှိပါဟု ကတိပြုရမည် ဖြစ်သည်။

 

 

အဆိုပါ ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းများကို လိုက်နာမှုမရှိသော နိုင်ငံခြားသားများ အနေဖြင့် ၎င်းတို့၏နေထိုင်ခွင့်ရုတ်သိမ်းခြင်းနှင့် နေရပ်ပြန်ပို့ခြင်းတို့ ခံရနိုင်သည်။

 

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို