၂၄ ဇွန်
ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူ ၅၇ ဦးရှိပြီး ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ လေးဦးရှိကြောင်း ဂျပန်ကျန်းမာရေး အာဏာပိုင်များက ဇွန် ၂၃ ရက်က ဖော်ပြထားသည်။
ဒိုင်းမွန်းပရင့်စ် အပျော်စီးသင်္ဘောပေါ်ရှိ ရောဂါကူးစက်ခံရသူများမပါ နိုင်ငံတွင်း အတည်ပြု ကူးစက်ခံရသူ အရေအတွက် ၁၈၀၃၄ ဦး ရှိသည်။
ယိုကိုဟားမားတွင် သီးသန့်ခွဲခြားထားသည့် အပျော်စီးသင်္ဘောပေါ်မှ ရောဂါကူးစက်ခံရသူ အရေအတွက် ၇၁၂ ဦးရှိကြောင်း ဖော်ပြထားသည်။
ဂျပန်နိုင်ငံတွင် ကူးစက်ခံရမှုကြောင့် သေဆုံးသူ အရေအတွက်မှာ အပျော်စီးသင်္ဘောပေါ်မှ သုံးဦး အပါအဝင် ၉၇၈ ဦးအထိ ရှိသည်။
တိုကျိုတွင် ၅၈၄၀ ဦး၊ အိုဆာကာတွင် ၁၈၀၉ ဦး၊ ကာနာဂါဝါတွင် ၁၄၃၂ ဦးနှင့် ဟော့ကိုင်းဒိုးတွင် ၁၂၀ဝ ဦးတို့ ရောဂါကူးစက်ခံရသည်။
ဒိုင်းမွန်းပရင့်စ် အပျော်စီးသင်္ဘောမှ တစ်ဦး အပါအဝင် ၆၃ ဦးမှာ အခြေအနေ စိုးရိမ်ရဆဲဖြစ်သည်ဟု ကျန်းမာရေးတာဝန်ရှိသူများက ယမန်နေ့က ပြောကြားသည်။
ကူးစက်ခံရမှုမှ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီး ဆေးရုံမှ ဆင်းသွားသူပေါင်းမှာ ၎င်းအပျော်စီး သင်္ဘောပေါ်မှ ၆၅၈ ဦး အပါအဝင် ၁၆၈၇၀ ရှိကြောင်း သိရသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို