၁၅ မေ
ယခုနှစ်အတွင်း နိုင်ငံအနှံ့တွင် ဝက်သက်ရောဂါ ကူးစက်သူ ၄၇၀ နီးပါးရှိကြောင်း ဂျပန် ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။
ကူးစက်ရောဂါထိန်းချုပ်ရေး အမျိုးသားအဖွဲ့အစည်းက မေလ ၅ ရက်ထိ ရောဂါသစ် ၁၁ မျိုးထိ တွေရှိခဲ့ကြောင်း ဖော်ပြထားသည်။
ယခုနှစ်အတွင်း ဝက်သက်ရောဂါ ကူးစက်သူ ၄၆၇ ဦးထိရှိကြောင်း (သို့မဟုတ်) ပြီးခဲ့သည့်နှစ် ကထက် အဆ ၁ ဒသမ ၇ ဆ ရှိကြောင်း ကျန်းမာရေး တာဝန်ရှိသူများက ပြောသည်။ အိုဆာကာ တွင် ရောဂါကူးစက်သူ ၁၃၆ ဦး နှင့် တိုကျိုတွင် ၇၁ ဦး ရှိကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
ထိုဝက်သက်ရောဂါမှာ အလွန်ကူးစက်တတ်ကာ ဖျားနာခြင်းနှင့် ခန္ဓာကိုယ်တစ်ခုလုံး အဖုအပိမ့်ထွက်ခြင်းတို့ ဖြစ်စေပြီး ကိုယ်ဝန်ပျက်ခြင်း (သို့မဟုတ်) ပုံမှန်ထက်စော၍မွေးဖွားခြင်းတို့ ဖြစ်စေနိုင်ကြောင်း သိရသည်။
ထိုကျန်းမာရေးဝန်ကြီးဌာနက ကိုယ့်ကိုယ်ကို ဝက်သက်ရောဂါ ကူးစက်သည်ဟု တွေးထင်သူများကို ခရီးများမထွက်မီ ပထမဆုံးအနေဖြင့် ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးရန် ကျန်းမာရေးဝန်ကြီးဌာနက မေတ္တာရပ်ခံလျက်ရှိသည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို