၂၇ မေ
ဂျပန်နိုင်ငံ တိုကျိုမြို့တော်တွင် ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေက အပူလျှပ်မှုကြောင့် ဖြစ်နိုင်သည့် လူ ၁၀၇ ဦး ကို ဆေးရုံများသို့ပို့ဆောင်ခဲ့ကြောင်း တိုကျိုမီးသတ်ဦးစီးဌာနက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေက ဂျပန်နိုင်ငံ တိုကျိုအလယ်ပိုင်းကို ပုံမှန်မဟုတ်သော အပူချိန် ၃၀ ဒီဂရီ စင်တီဂရိတ် ရှိသောအပူလှိုင်း ဖြတ်သွားခဲ့သည်။
မီးသတ်ဌာန တာဝန်ရှိသူများက တိုကျို မြို့ရှိ ဆေးရုံများတွင် မေလ ယခုအချိန်ထိ အပူလျှပ်လူနာ ပေါင်း ၂၃၇ ဦး ရှိသည်ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ်က အလားတူယခုကာလတွင် အပူလျှပ်လူနာပေါင်း ၁၄၂ ဦး ရှိကြောင်း သိရသည်။
အဆိုပါ တာဝန်ရှိသူများက ရေအများကြီး သောက်သုံးရန် ၊ နေရောင်ခြည် တိုက်ရိုက် ထိတွေ့မှု ကို ရှောင်ရှားရန် ၊ ၎င်းတို့၏အခန်းများ လေဝင်လေထွက် ကောင်းမွန်စေရန်နှင့် အပူလျှပ်ခြင်းကင်းဝေးဖို့ အခြားသောကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ရန် ပြည်သူများကို တိုက်တွန်းပြောကြားထားသည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို