ဂျပန်တွင် ပြင်းအား ၅ ဒသမ ၁ ပမာဏ ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်တုန်ခါမှုများ ဖြစ်ပွားနိုင်

၄ ဇန်နဝါရီ

မိုးေလေဝသ အေဂျင်စီက ဂျပန်နိုင်ငံအနောက်ပိုင်း ကူမားမိုတို စီရင်စု အနီးတစ်ဝိုက်တွင် နောက်ဆက်တွဲ ငလျင်တုန်ခါမှုများ ဖြစ်ပွားနိုင်သည် ဟု အကြံပြုချက် ထုတ်ပြန်ထားသည်။

ယမန်နေ့ညနေ ၆နာရီ ၁၀ မိနစ်က ကူမားမိုတို စီရင်စု နာဂိုမီ မြို့တွင်  ပြင်းအား ၅ ဒသမ ၁ ပမာဏရှိ ငလျင် လှုပ်ခတ်ခဲ့ပြီး သုညမှ ခုနစ် အထိသတ်မှတ်ထားသော ဂျပန်ငလျင်တိုင်းထွာမှုတွင် ယင်းငလျင်သည် ပြင်းအား၆ အပျော့စား ရှိကြောင်းနှင့် ကြူရှု ၊ ရှီကိုကူး နှင့် ချုဂိုကူ ဒေသများတွင် နေရာအနှံ့ လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။

mdn

မိုးလေဝသဌာန တာဝန်ရှိသူများ က အင်အားပြင်းငလျင် လှုပ်ခတ်ပြီးလျှင် ရက်အနည်းငယ်အတွင်း နောက်ဆက်တွဲ ပြင်းထန်သော တုန်ခါမှုများ မကြာခဏ ဖြစ်နိုင်ကြောင်းနှင့် ထိုငလျင်လှုပ်ခတ်ပြီးနောက် လာမည့်သီတင်းပတ်ကျော်အထိ ဂျေအာ ကြူရှု ကုမ္ပဏီ က ဟာကာတာ နှင့် ကူမားမိုတို ဘူတာရုံကြားရှိ  မြန်နှုန်းမြင့်ရထား ပြေးဆွဲမှုကို ခေတ္တရပ်နား ထားခဲ့သည်။ 

ယင်းသို့ ရထားပြေးဆွဲမှု ဆိုင်းငံ့ထားခြင်းကြောင့် နှစ်သစ်ကူး အပန်းဖြေအနားယူ ရာမှ ပြန်လာသောသူ ၃၀၀ ခန့်  ရထားနှစ်စီး ပေါ်တွင် ပိတ်မိနေခဲ့ကြသည် ဟု ဖော်ပြထားသည်။သောကြာနေ့တွင် ထိုဆိုင်းငံ့ ရထား ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲမည် ဖြစ်သည်။နိုးကြားကြားနေထိုင်ကြ၇န် ပြည်သူများကို   သတိပေးပြောကြားထားသည်။

mdn

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို