ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာ ကမ္ဘာ့အဆင့် ၁၂ နေရာသို့ ဆင်းပေးခဲ့ရ

ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာ ဟာ တင်းနစ်လောကရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ထိပ်ဆုံး ၁၀ ဦးစာရင်းထဲမှာ မပါဝင်တော့ဘဲ ကမ္ဘာ့အဆင့် ၁၂ နေရာကို သုံးနှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် ဆင်းပေးလိုက်ရပြီဖြစ်ပါတယ်။

ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာ ဟာ အခုနှစ်အတွင်း ကျင်းပခဲ့တဲ့ ပြင်သစ် အိုးပင်းတင်းနစ် ပြိုင်ပွဲကနေ ထွက်ခဲ့ရသလို စိတ်ကျန်းမာရေးအခြေအနေကြောင့် ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲနဲ့လည်း လွဲခဲ့ရပါတယ်။ ဒါ့ပြင် အသက် ၂၃ နှစ်အရွယ် နာအိုမီအိုဆာကာဟာ အမေရိကန်အိုးပင်းတင်းနစ် ပြိုင်ပွဲမှာလည်း တတိယအဆင့်နဲ့ ထွက်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့် ၁၂ နေရာကို ဆင်းပေးခဲ့ရတာ ဖြစ်ပါတယ်။

ကမ္ဘာ့နံပါတ်တစ် တင်းနစ်မယ်ဟောင်းတစ်ဦးဖြစ်တဲ့ နာအိုမီအိုဆာကာဟာ လက်ရှိမှာ ဂရန်းဆလမ်းဆု ဖလားကို လေးကြိမ်အထိ ရယူထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် မကြာမီကျင်းပမယ့် ပြိုင်ပွဲတွေမှာ အကောင်းဆုံးယှဉ်ပြိုင်ပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့် ၁၀ အတွင်းပြန်ရောက်ဖို့ ကြိုးပမ်းသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ငွေကြယ်