နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ဂျပန်ဝန်ကြီးချုပ်ဟောင်းနှင့် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ တို့အား ဂုဏ်ထူးဆောင်ဘွဲ့နှင့် စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်များ ဂုဏ်ပြုချီးမြှင့် 

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးနှင့် ငြိမ်းချမ်းသာယာ ဝပြောရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့ကြ သည့် ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့် အပ်နှင်းခဲ့ပြီး ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် အခမ်းအနားများကို အောင်မြင်စွာ ကျင်းပခဲ့ကာ အခမ်းအနားတက်ရောက်လာသည့် ဘွဲ့ခံပုဂ္ဂိုလ်များထံ ရရှိသည့် ဂုဏ်ထူး ဆောင်ဘွဲ့များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကိုယ်တိုင်တစ်ဦးချင်း လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ပြီးဖြစ်သည်။

အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းခြင်း အခမ်းအနားသို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေးရောက် လက်ခံယူမည့် ဘွဲ့ခံပုဂ္ဂိုလ်များရှိခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများက သွားရောက်ချီးမြှင့် အပ်နှင်းခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် Japan-Myanmar Association Chairman ဖြစ်သူ H.E. Mr. HIDEO WATANABE အား နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း Mr. Taro Aso အား ချီးမြှင့် ထားသည့် ဂုဏ်ထူးဆောင်ဘွဲ့နှင့် အဆောင်အယောင်များကို ပေးအပ်ရာ ဂျပန်ဝန်ကြီး ချုပ်ဟောင်းကိုယ်စား H.E. Mr. HIDEO WATANABE က လက်ခံရယူသည်။ ထို့နောက် Japan-Myanmar Association Chairman ဖြစ်သူ H.E. Mr. HIDEO WATANABE အား ချီးမြှင့်ထားသည့် စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းရာ H.E. Mr. HIDEO WATANABE က ကိုယ်တိုင်လက်ခံရယူသည်။

ဦးစွာ ဒုတိယဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သီရိပျံချီစည်သူ စိုးထွဋ်က ဘွဲ့တံဆိပ်ပေးအပ်သည့် အမိန့်များကို ဖတ်ကြားတင်ပြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် စွမ်းဆောင်မှုဆိုင်ရာဘွဲ့တံဆိပ်ရရှိခဲ့သည့် Japan-Myanmar Association Chairman ဖြစ်သူ H.E. Mr. HIDEO WATANABE ထံ သီရိပျံချီ ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်ကို လက်ရောက်ချီးမြှင့်အပ်နှင်းသည်။

ယင်းနောက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ရရှိခဲ့သည့် ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း Mr. Taro Aso အား သရေစည်သူဘွဲ့တံဆိပ်နှင့် အဆောင်အယောင်ကို ချီးမြှင့်အပ်နှင်းရာ Japan-Myanmar Association Chairman ဖြစ်သူ H.E. Mr. HIDEO WATANABE က ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း ကိုယ်စား လက်ခံရယူသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘွဲ့တံဆိပ်များချီးမြှင့်အပ်နှင်းခြင်းနှင့် ပတ်သက်၍ ဂုဏ်ပြုစကားပြောကြားရာတွင် အဆွေတော် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက် ရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရေးအတွက် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သည့် မိတ်ဆွေ ကောင်းတစ်ဦးဖြစ်ကြောင်း၊ ထို့ကြောင့် အဆွေတော်ကို ဘွဲ့တံဆိပ်ချီးမြှင့်အပ်နှင်းရ သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် အဆွေတော်အနေဖြင့် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် ဂျပန် နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံတွင် လာရောက်ဆောင်ရွက်နိုင်ရန်တို့အတွက် အစွမ်းကုန်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ အဆွေတော်၏ ကြိုးပမ်းခဲ့မှုများကြောင့် နှစ်နိုင်ငံအစိုးရ၊ ပြည်သူများနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ ခိုင်မာစွာဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယခုထက်ပိုမို တိုးတက်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊  သမိုင်းဟူသည်မှာ ဖျောက်ဖျက်၍မရဘဲ ကမ္ဘာတည်သရွေ့ ကျန်ရှိနေမည်ဖြစ်သဖြင့် ကောင်းမွန်သည့်သမိုင်းကို အတူတကွ ရေးထိုးကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဘွဲ့တံဆိပ်ရရှိသည့်အတွက်လည်း အဆွေတော်၊ အဆွေတော်၏မိသားစု၊ အဆွေတော် ၏ နိုင်ငံတို့နှင့် ထပ်တူဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး H.E. Mr. HIDEO WATANABE က ကျေးဇူးတင်စကားပြန်လည် ပြောကြားရာတွင် ယခုကဲ့သို့ ဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်းအတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်၍လည်း အနာဂတ်တွင် ယခုဘွဲ့တံဆိပ်နှင့် ကိုက်ညီသည့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ယခုထက်ပိုမိုတိုးတက် အောင် ဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားလိုပါကြောင်း၊ ဝန်ကြီးချုပ်ဟောင်း အတွက်ဂုဏ်ပြုသည့် ဘွဲ့တံဆိပ်ကို ပေးအပ်မှုအတွက်လည်း ကျေးဇူးတင်ရှိ ပါကြောင်းနှင့် ၎င်းအနေဖြင့် ကိုယ်တိုင်လက်ခံရယူလိုသော်လည်း လက်ရှိအချိန်တွင် ဂျပန်နိုင်ငံ၌ လွှတ်တော်ရွေးကောက်ပွဲရှိခြင်းကြောင့် လာရောက်နိုင်ခြင်းမရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း ကျေးဇူးတင်ရှိပါကြောင်းကို အမှာစကားပါးလိုက်ပါကြောင်း၊ ယခင်အတိတ်က ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံကို ကူညီဆောင်ရွက်မှုများကို ဆန်းစစ်၍ ယခုအချိန်တွင်လည်း ဆက်လက်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့တပ်မတော်၏ ရပ်တည်မှုအတွက် မိမိအသက်ရှင်သန် နေသည့်အချိန်အထိ ရာသက်ပန်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၊ Japan-Myanmar Association Chairman နှင့် အခမ်းအနားတက် ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်