ချောင်းဆုံ  ၁၃  ဇွန်

 

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွင်း Grade–4 သင်ရိုးသစ်သင်ကြားမည့် မူလတန်းပြ ဆရာ/ဆရာမများအား ချောင်းဆုံမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့က Online TOT Training Schedule သင်တန်းကို Online စနစ်ဖြင့် (၂)ရက်ကြာ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ Online စနစ်ဖြင့် သင်ကြားပို့ချရာတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ လူမှုရေး၊ သိပ္ပံ၊ အထွေထွေ၊ ဘဝတွက်တာ၊  ပန်းချီ၊ ဂီတ၊ စာရိတ္တနှင့် ပြည်သူ့နီတိ စသည့် ဘာသာရပ်(၁၀)ခုတို့အား သက်ဆိုင်ရာဘာသာရပ် ဆရာ/ဆရာမကြီး များက မြို့နယ်အတွင်းရှိ မူ/အုပ်၊ မူ/ပြ၊ လယ်/ပြ-၂၊ လယ်/ပြ-၃၊ ဆရာ/ဆရာမ (၅၈) ဦးတို့အား သင်ကြားပို့ချခဲ့သည်။

 

ထို့နောက် ဇွန် ၁၅ ရက်တွင် သင်တန်းတက်ရောက်ပြီးသည့် ဆရာ ဆရာမများက မြို့နယ်အဆင့် Face to Face စနစ်ဖြင့် မူလတန်းပြ ဆရာ/ဆရာမ ၅၇၀ ဦးတို့အား ချောင်းဆုံအထကကျောင်းတွင် ပြန်လည်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း လ/ထ မြို့နယ်ပညာရေးမှူး ဦးသိန်းသန်းထံမှ သိရသည်။

ထူးအိမ်(ပြန်/ဆက်)