မန္တလေး၂၈ အောက်တိုဘာ

ယနေ့ညနေပိုင်းက မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ Grand Park ဟိုတယ် ၂၇ ထပ်ရှိ မှန်တံခါးများကို လဲလှယ်ရာတွင် ပုခက်ကြိုးပြတ်ကျကာ လူသုံးဦးပြုတ်ကျ သေဆုံးသွားကြောင်း သိရသည်။

ပြုတ်ကျသူများသည် ပုသိမ်ကြီးမြို့နယ်မှ အမျိုးသားသုံးဦးဖြစ်ပြီး အသက် ၄၀ ဝန်းကျင် အမျိုးသား နှစ်ဦးနှင့် အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ကြောင်းသိရသည်။

သေဆုံးသူများအား မဟာလူမှုကူညီရေးအသင်းက မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းနှင့် ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၈၄ လမ်း၊ ၃၉ လမ်းနှင့် လမ်း ၄၀ ကြားရှိ Grand Park ဟိုတယ်သည် အထပ် ၃၁ ထပ် ရှိသည့် ဟိုတယ်ဖြစ်သည်။

ဖြိုးအိ