ဂရိမြောက်ပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူခြောက်ဦး သေဆုံး

၁၁ ဇူလိုင်

ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ဂရိနိုင်ငံမြောက်ပိုင်းတွင် လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ခြောက်ဦးသေဆုံးခဲ့ပြီး လူပေါင်းဒါဇင်နှင့်ချီပြီ ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

 

z2

 

သေဆုံးသူများမှာ ချက်၊ ရိုမေးနီးယားနှင့် ရုရှားနိုင်ငံမှ ကမ္ဘာလှည့်ခရီးသည်များဖြစ်ပြီး သီးခြားဖြစ်စဉ် သုံးခုအတွင်း သေဆုံးခဲ့ခြင်း ဖြစ်သည်။  

အဆိုပါ လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ဂရိနိုင်ငံမြောက်ပိုင်းထင်ရှားလှသည့်  Halkidiki ကျွန်းဆွယ်တွင် ချက်နိုင်ငံသား ခရီးသွားနှစ်ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ 

Nea Plagia တွင် စားသောက်ဆိုင်အမိုးပြိုကျပြီး ရိုမေးနီးယားနိုင်ငံသားနှစ်ဦး သေဆုံးခဲ့ပြီးနောက်  Potidea ဟိုတယ်အနီးတွင် သစ်ပင်ကိုတိုက်မိပြီး ရုရှားနိုင်ငံသားတစ်ဦးနှင့် လူငယ်တစ်ဦးတို့သည် သေဆုံးခဲ့သည်ဟု ဆိုသည်။ 

မုန်တိုင်းကြောင့် ဒဏ်ရာရရှိသည့် ဒါဇင်နှင့်ချီသော လူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်