အေသင် မေ ၂၀
ပြီးခဲ့သည့် သီတင်းပတ်က ငလျင်ဆက်တိုက်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် ကြိုတင်ကာကွယ်မှုများ ပြုလုပ်သည့်အနေဖြင့် ဂရိနိုင်ငံ အီဗီးယားကျွန်းဒေရှိ စာသင်ကျောင်းများ မေ ၁၉ ရက်တွင် ပိတ်ထားခဲ့ ရကြောင်း သိရသည်။
ဂရိနိုင်ငံ အေသင်မြို့၏ အမျိုးသား နတ္ခတ္တဗေဒ စောင့်ကြည့်လေ့လာရေးဌာန၏ ထုတ်ပြန်ချက်အရ မေ ၁၈ ရက်မှစတင်ကာပြင်းအား ၄ ဒသမ ၁ မှ ၄ ဒသမ ၅ အဆင့်ရှိ ငလျင်သုံးကြိမ်ထက်မနည်း လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ငလျင်မှာ အီဗီးယားကျွန်းအလယ်ပိုင်းဒေသရှိ ပရိုကိုပီရွာအနီး ကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
မေ ၁၉ ရက်အစောပိုင်းက ပြင်းအား ၄ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကို တောင်ဘက် ၈၀ ကီလိုမီတာခန့်အကွာတွင်ရှိသည့် အေသင်မြို့၌ သိရှိခံစားခဲ့ကြရကြောင်းသိရသည်။ ယင်းငလျင် လှုပ်ခတ်မှုကြောင့် နေအိမ်၊ ဈေးဆိုင်နှင့် ဘုန်းကြီး ကျောင်း ၂၀ ခန့် ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့သည်။
အဆောက်အအုံဘေးကင်းလုံခြုံမှုနှင့် ပတ်သက်၍ စစ်ဆေးရေးအဖွဲ့က ဆန်းစစ်အကဲဖြတ်နေသည့် အတွက် ဒေသအတွင်းရှိ စာသင်ကျောင်းအားလုံးကို ပိတ်ထားခဲ့ရသည်။ အဆိုပါ ဒေသတွင် ၂၀၂၃ ခုနှစ် ကလည်း ပြင်းအား ၅ ဒသမ ၁ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ဂရိနိုင်ငံသည် ဥရောပဒေသတွင် ငလျင်လှုပ်ခတ် မှုအများဆုံး နိုင်ငံထဲမှ တစ်နိုင်ငံဖြစ်သည်။
ဆင်ဟွာ