အေသင် ဇူလိုင် ၂၃
ဂရိနိုင်ငံ၌ ရုဒ်စ်ကျွန်းတွင် ဇူလိုင် ၂၂ ရက် ညနေပိုင်းက တောမီး လောင်မှုကြောင့် ဒေသခံများနှင့်
ကမ္ဘာလှည့်ခရီးသွား၂၀၀၀ ထက်မနည်းကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခဲ့ရသည်ဟု အာဏာပိုင်များက ပြောသည်။ ဇူလိုင် ၁၈ ရက်မှစတင်ကာ ရုဒ်စ် ကျွန်းရှိထူထပ်လှသည့် တောအုပ်အတွင်း တောမီး စတင်လောင်ခဲ့သည်။
ပြီးခဲ့သည့် ရက်အနည်းငယ် အတွင်း မီးသတ်သမားများ သည် တောမီးလောင်မှုအချို့ကို ထိန်းသိမ်း နိုင်ခဲ့သော်လည်းလေပြင်းများနှင့် ပြင်းထန်သည့်အပူချိန်ကြောင့် ကျွန်းအလယ်ပိုင်းတွင်တောမီးပြန်လည်
လောင်ခဲ့သည်။ ပင်လယ်ကမ်းခြေကျေးရွာလေးရွာမှ ဒေသခံများ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း နေထိုင်ကြရန် အရေးပေါ် သတိ ပေးချက်များ ပေးပို့ခဲ့သည်။ ပင်လယ်ကမ်းခြေများတွင် လည်း ကမ်းခြေစောင့် ရေယာဉ် များဖြင့်ပြည်သူများကိုဘေးလွတ် ရာသို့ ပြောင်းရွှေ့ပေးခဲ့သည်။ ထိုသို့ပြောင်း ရွှေ့ရာတွင် ပုဂ္ဂလိ ရေယာဉ်များဖြင့်လည်း ကူညီရွှေ့ပြောင်း ပေးခဲ့ရသည်။
ကျွန်းပေါ်ရှိ အခြားဘေးလွတ်ရာ နေရာများသို့လူများကိုရွှေ့ပြောင်း ပေးခဲ့ရသည်။မြေပြင်၌ တောမီးငြိမ်းသတ်၂ဝဝမှုကို မီးသတ်သမားပေါင်း နှင့် မီးသတ်ကား အစီး ၄၀ ဖြင့် ပြုလုပ်ခဲ့သည်။ ရဟတ်ယာဉ် ငါးစင်း၊ လေယာဉ်သုံးစင်းဖြင့် လည်း မီးငြှိမ်းသတ်နိုင်ရေးကြိုးပမ်းခဲ့သည်။ကျွန်းပေါ်ရှိ ကမ္ဘာလှည့်ခရီးသွားများ နေထိုင်ရာ နေရာများမှ ၁၀ ရာခိုင်နှုန်း ကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ ပြောင်းရန် အမိန့်ထုတ်ခဲ့ရသည် ဟု ဒေသခံမီးသတ်ဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ယန်နစ်အော်တို ပီယိုက အေသင်သတင်းအေဂျင်စီသို့ ပြောသည်။
ဆင်ဟွာ