ဇူလိုင် ၂၆
ဂရိနိုင်ငံ အီဗီအာကျွန်းတွင် ယမန်နေ့က တောမီးလောင်ကျွမ်းနေစဉ်အတွင်း တောမီးငြှိမ်းသတ်နေသည့် လေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့ပြီးနောက် လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့ သေဆုံးခဲ့ကြောင်း နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
အဆိုပါလေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူနှစ်ဦးသည် အသက် ၂၇ နှစ်နှင့် ၃၄ နှစ်အရွယ် ဂရိလေတပ်အရာရှိများ ဖြစ်သည်ဟု သိရသည်။
ဂရိသမ္မတနှင့် ဝန်ကြီးချုပ်တို့က ၎င်းတို့၏မိသားစုဝင်များနှင့် လုပ်ဖော်ကိုင်ဖက်များအား ၎င်းတို့သေဆုံးမှုနှင့်ပတ်သက်ပြီး ဝမ်းနည်းစကားပြောကြားခဲ့သည်။
ရှာဖွေကယ်ဆယ်ရေးသမားများက ကာရီတို့စ်ကမ်းရိုးတန်းမြို့အနီး လေယာဉ်ပျက်ကျမှုဖြစ်ပွားရာနေရာမှ ထိုအမျိုးသားနှစ်ဦး၏ အလောင်းကိုဆွဲထုတ်ယူခဲ့ရကြောင်း အေအမ်အင်န်အေသတင်းအေဂျင်စီက ဖော်ပြထားသည်။
ထိုအရာရှိနှစ်ဦးသည် ယခုနှစ်နွေရာသီ တောမီလောင်ကျွမ်းမှုအတွင်း ပထမဆုံးသေဆုံးသူများဖြစ်သည်။
မီးသတ်သမားများက ပြီးခဲ့သည့်သီတင်းနှစ်ပတ်အတွင်း နိုင်ငံတစ်ဝန်းဖြစ်ပွားနေသော တောမီးလောင်ကျွမ်းမှုများကို ငြှိမ်းသတ်လျက်ရှိသည်ဟု ဂရိအစိုးရအဖွဲ့တာဝန်ရှိသူများက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို