အေသင်   ဩဂုတ်   ၂၄

စက်တင်ဘာလအစောပိုင်းမှစတင်ကာ ဂရိနိုင်ငံတွင် ထိခိုက်လွယ်သည့် ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ထိုးပေးမည်ဟု အာဏာပိုင်များက ဩဂုတ် ၂၃ ရက်တွင် ပြောသည်။

ကိုယ်အင်္ဂါအစိတ်အပိုင်း လဲလှယ်ထားသူများ၊ ကင်ဆာရောဂါသည်များကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ်ထိုးပေးမည်ဟု သိရသည်။

ကာကွယ်ဆေးအပြည့်ထိုးပြီးနောက် အချိန်ကြာလာသည့်အခါ ကာကွယ်ဆေး၏ အကျိုးသက်ရောက် မှုများမှာ လျော့ကျလာသည့်အတွက် နောက်တစ်ကြိမ်ထပ်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ထိခိုက်လွယ်သည့်ပြည်သူများကို ကိုဗစ်-၁၉ မှ အကာအကွယ်ပေးနိုင်မည်ဟု အမျိုးသားကာကွယ်ဆေး ကော်မတီဥက္ကဋ္ဌ မာရီယာ သီအိုဒိုရီဒိုက ပြောသည်။

ဂရိနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်ထိုးပြီးသူ ၅ ဒသမ ၆ သန်းကျော်ရှိပြီး ယင်းအရေ အတွက်မှာ နိုင်ငံလူဦးရေ၏ ၅၃ ဒသမ ၅ ရာခိုင်နှုန်း ရှိသည်။ ဂရိနိုင်ငံ၌ ဩဂုတ် ၂၃ ရက်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၆၂၈ ဦးရှိပြီး သေဆုံးသူ ၃၄ ဦး ရှိသည်ဟု အမျိုးသားကျန်းမာရေးအဖွဲ့ အစည်းက ပြောသည်။

နိုင်ငံတစ်ဝန်းရှိ ဆေးရုံများတွင် အသက်ရှူအထောက်အကူပြုကိရိယာတပ်ဆင်ထားရသည့် လူနာ အရေအတွက်မှာ ၃၁၉ ဦးရှိသည်။

လွန်ခဲ့သည့် နှစ်ပတ်အတွင်း အထူးကြပ်မတ်ကုသဆောင်အတွင်း ကုသမှုခံယူနေသူ ၃၀ ရာခိုင်နှုန်း တိုးလာခဲ့သည်။

ဆင်ဟွာ