ဂရိနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲအတွက် ပြည်သူများမဲပေး

အေသင် ၈ ဇူလိုင် 

ဂရိနိုင်ငံ၌ ပြည်သူလူထုက ဂရိဝန်ကြီးချုပ် အလက်ဆစ်စီပရက်စ်အစိုးရအပေါ် မကျေနပ်ချက်များ ပိုမိုကြီးထွားလာလျက်ရှိနေချိန်တွင်          မဲဆန္ဒရှင်ပြည်သူများသည် အထွေထွေရွေးကောက်ပွဲအတွက် မဲပေး ရန် ဇူလိုင် ၇ ရက်တွင် မဲရုံများဆီသို့ ထွက်ခွာလာခဲ့ကြသည်။

ဂရိဝန်ကြီးချုပ် အလက်ဆစ်စီပရက်စ်သည် ၄င်း၏ အုပ်ချုပ်မှုသက်တမ်းမကုန် ဆုံးမီ   ကြားဖြတ်ရွေးကောက်ပွဲတစ်ရပ် ကျင်းပရန်အတွက်  ပြီးခဲ့သည့်လက ဂရိပါလီမန်လွှတ်တော်ကို ဖျက်သိမ်းခဲ့သည်။ ဂရိနိ်ုင်ငံတွင်  ကြွေးမြီပြဿနာရင်ဆိုင် နေရချိန်အတွင်း အကောင်အထည်ဖော် ခဲ့သည့်  ခြိုးခြံချွေတာရေးမူဝါဒဆိုင်ရာ ဦးဆောင်ဝေဖန်သူ      တစ်ဦးအနေဖြင့်  မစ္စတာစီပရက်စ်သည်      လွန်ခဲ့သော လေးနှစ်အကြာက  အာဏာရရှိခဲ့သည်။

သို့သော်လည်း          စီပရက်စ်သည် ဥရောပသမဂ္ဂနှင့် အခြားသော ကြွေးရှင် များထံမှ  ငွေကြေးထောက်ပံ့မှုသဘောတူစာချုပ်အသစ် ချုပ်ဆိုနိုင်ရေးအတွက် အခွန်အခတိုးမြှင့်ခြင်းအပါအဝင် အသုံး စရိတ်လျှော့ချခြင်းကဲ့သို့ ပြင်းထန်သည့် ခြိုးခြံချွေတာရေး      အစီအစဉ်များကို စတင်      လုပ်ဆောင်လာသည့်အတွက် ပြည်သူလူထုက အပြင်းအထန်ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ဂရိနိုင်ငံအတွက်    ငွေကြေးကူညီ ထောက်ပံ့မည့်အစီအစဉ်မှာ ရှစ်နှစ်ကြာ မြင့်ခဲ့ပြီးနောက် ပြီးခဲ့သည့်ဩဂုတ်လက အဆုံးသတ်သွားခဲ့သည်။ သို့သော်လည်း ဂရိနိုင်ငံ၏ စီးပွားရေးမှာ အကျပ်အတည်းမှ ရုန်းထွက်နိုင်ခဲ့ခြင်း မရှိသေးပေ။ အလုပ်လက်မဲ့နှုန်းမှာ    ၁၈    ရာခိုင်နှုန်းကျော်ရှိနေပြီး ယင်းပမာဏသည် ဥရောပအဖွဲ့ဝင် နိုင်ငံများအကြားအမြင့်ဆုံး အလုပ်လက်မဲ့ ပမာဏ ဖြစ်သည်။
              
အေအက်ဖ်ပီ