ဂရိနိုင်ငံတွင် တရားမဝင် ရွှေ့ပြောင်းလာသူ ၄၁ ဦး ပုန်းအောင်း လိုက်ပါလာသော ထရပ်ကားတွေ့ရှိ

၅ နိုဝင်ဘာ

 

 

ထရပ်အအေးကားတစ်စီးအတွင်း ပုန်းအောင်းလိုက်ပါလာသော တရားမဝင် ရွှေ့ပြောင်းလာသူ ၄၁ ဦးကို ဂရိရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့သည်။

 

1

 

 

ယမန်နေ့က ဂရိနိုင်ငံမြောက်ပိုင်း ဟန်သီမြို့အနီး လမ်းမပေါ်တွင် ပုံမှန်စစ်ဆေးမှု ပြုလုပ်ရန် ထိုထရပ်ကားကို တာဝန်ရှိသူများက  တားဆီးခဲ့သည်။

 

 

ထို ၄၁ ဦးအနက် ၃၉ ဦးမှာ အာဖဂန်လူမျိုးများဖြစ်ကြောင်းနှင့် တစ်ဦးမှာ အီရန်ဖြစ်ပြီး အခြားတစ်ဦးမှာ ဆီးရီးယားတို့ဖြစ်ကြောင်း Associated Press က သတင်းဖော်ပြထားသည်။

 

 

ယင်းထရပ်ကား၏ အအေးပေးစနစ်ကို ပိတ်ထားသော်လည်း ၎င်းတို့ထဲမှ အချို့မှာ အသက်ရှူကြပ်နေသဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

 

 

အဆိုပါ ထရပ်ကားသည် တူရကီမှ ဂရိနယ်စပ်ကို ကျော်ဖြတ်သွားသည်ဟု ယုံကြည်ရသည်။ ဂျော်ဂျီယာနိုင်ငံသား ဖြစ်သော ထရပ်ကားမောင်းသမားကို ဖမ်းဆီးခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို