ဂရမ်မီဆုပေးပွဲမှာ ဘီလီ အီလစ်ချ် အဓိက ဆုတွေအားလုံးကို သိမ်းကြုံးရယူ

၂၇ ဇန်နဝါရီ

 

ဘီလီအီလစ်ချ်က  မနေ့ကကျင်းပတဲ့ ဂရမ်မီဆုပေးပွဲမှာ တစ်နှစ်လုံးအတွက် အကောင်းဆုံး သီချင်းခွေဆု အပါအဝင် အဓိက ဆုလေးဆုကို သိမ်းကြုံးရယူခဲ့ပါတယ်။

 

အသက် ၁၈ နှစ်သာရှိသေးတဲ့ ဂေါ့သစ်လွှမ်းမိုးမှုရှိတဲ့ ပေါ့အဆိုတော် ဘီလီ အီလစ်ချ် က လီနပ်စ် အိပ် နဲ့  လစ်ဇို တို့ထက် ကျော်ပြီး ဆုတွေရရှိသွားခဲ့တာလို့ ဆိုရမှာဖြစ်ပါတယ်။  သူမဟာ တေလာဆွစ်နေရာကို အစားထိုးသွားတဲ့ အသက်အငယ်ဆုံး ဂရမ်မီဆုရှင်ဖြစ်သွားပြီ ဖြစ်ပါတယ်။ 

 

ဘီလီအီလစ်ချ် ရဲ့ အစ်ကို ဖင်နီးယစ် အိုကွန်နဲ ကလည်း အီလစ်ချ်ရဲ့ သီချင်းခွေအတွက် တစ်နှစ်တာ အကောင်းဆုံး ထုတ်ဝေသူဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ကွန်နဲက သီချင်းခွေကို သူတို့အိမ်မှာပဲ အသံသွင်းခဲ့တယ်။ အိမ်မှာ သူ့အတွက် အကောင်းဆုံး တီထွင်နိုင်တဲ့နေရာ၊ သက်သောင့်သက်သာ ရှိတဲ့နေရာ ဖြစ်တယ်။ အဲဒီလို အိမ်တွင်းမှာ ထုတ်လုပ်ခဲ့တာကို ဂရမ်မီဆုရခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်လို့ ပြောပါတယ်။

MDN

ကိုးကား- AFP