ဖေဖော်ဝါရီ ၁၁
ဂွါတီမာလာနိုင်ငံတွင် လူ ၇၅ ဦးတင်ဆောင်လာသောဘတ်စ်ကားတစ်စီးသည် ဂွါတီမာလာစီးတီးရှိ လျှိုမြောင်အတွင်းသို့ ထိုးကျသဖြင့် ၅၁ ဦးထက်မနည်းသေဆုံးကြောင်း မီးသတ်တပ်ဖွဲ့၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
အဆိုပါဘတ်စ်ကားသည် El Rancho ကျေးရွာမှခရီးသွားကားဖြစ်ပြီး ဒေသစံတော်ချိန်မနက် ၅ နာရီခန့်တွင် ကားတစ်စီးတိုက်မိကာ မီတာ ၂၀ အနက်ရှိသောလျှိုမြောင်အတွင်းသို့ထိုးကျခဲ့ခြင်းဖြစ်ကြောင်း ဒေသန္တရမီဒီယာက ဖော်ပြထားသည်။
သမ္မတဘာနာဒိုအီဘာလိုက ထိုမတော်တဆမှုတွင် သေဆုံးသွားသူများအတွက်ဝမ်းနည်းကြောင်းနှင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူများ၏မိသားစုဝင်များနှင့်အတူထပ်တူခံစားရပါကြောင်း ပြောကြားသည်။
သမ္မတကထိုမတော်တဆမှုဖြစ်ပွားရာနေရာသို့သွားရောက်ပြီး ထိခိုက်ဒဏ်ရာရသူများအတွက် အထူးကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်ရန် အမျိုးသားတပ်မတော်မှတပ်ဖွဲ့ဝင်များနှင့် အမျိုးသားသဘာဝဘေးလျော့ပါးရေး ညှိနှိုင်းရေးမှူးတို့အား ညွှန်ကြားထားကြောင်း ထပ်လောင်းပြောသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို