နေပြည်တော် ၈ စက်တင်ဘာ
ဂုတ်တွင်း ယာယီဘေလီတံတားပေါ်မှ ယာဉ်နှင့်ကုန် (၄၈) တန်ကားများကို ယနေ့ နံနက် ၈ နာရီ ၈ မိနစ်တွင် ဖြတ်သန်းခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂုတ်တွင်း ယာယီဘေလီတံတားပေါ်မှ ယာဉ်နှင့်ကုန် (၃၆)တန် ကားများကို သြဂုတ် ၂၀ ရက်က စတင်ဖြတ်သန်းခွင့်ပြုခဲ့ပြီး တံတား ပိုမိုကြံ့ခိုင်တောင့်တင်းစေရန် Top Chord များ ထပ်မံအားဖြည့်ခြင်း၊ ကျောက်မဲဘက်ကမ်း ရေလယ်တိုင်အား H Beam ဖြင့် အားဖြည့်ထောက်မခြင်း၊ ကွန်ကရစ်ယက်မများအား ဘေလီသံဘောင်များဖြင့် ထောက်မခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယခုအခါ ယာဉ်နှင့်ကုန် (၄၈)တန် ကားများကို ဖြတ်သန်းခွင့် ပြုလိုက်ခြင်းဖြစ်သည်။
ဘေလီတံတား၏ Deflection စစ်ဆေးမှုရလဒ်မှာ သတ်မှတ်ခွင့်ပြုချက်အတွင်း ရှိသဖြင့် ယာဉ်နှင့်ကုန် (၄၈) တန်ကားများကို ဖြတ်သန်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
MDN
ဓာတ်ပုံ-ဆောက်လုပ်ရေး


