သီပေါ၊ ၁၉ ဒီဇင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး၊ သီပေါ၊ လားရှိုး၊ မူဆယ်ပြည်ထောင်စုလမ်းမကြီး ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်အကြားရှိ ဂုတ်တွင်းလမ်းပိုင်း မိုင်တိုင်အမှတ်(၈၃/၈၄) ကုလားမကွေ့တွင် ယနေ့နံနက်(၁၀)နာရီ မိနစ် ၂၀ က မန္တလေးမှ မူဆယ်သို့ ငှက်ပျောသီး ဂျပ်ဖာများတင်ဆောင်လာသော ယာဉ်မောင်း ဇော်မျိုး မောင်းနှင်သည့် တွဲယာဉ်အမှတ် 3Q/------သည် အရှိန်လွန်ပြီး တိမ်းမှောက်သွားခဲ့သည်။
ယာဉ်တိမ်းမှောက်ရာနေရာတွင် ယာဉ်ကြောပိတ်ဆို့မှု ကြာရှည်စွာ မဖြစ်ပေါ်စေရေးအတွက် ကျောက်မဲနှင့် နောင်ချိုမြို့နယ်များမှ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ နောင်ပိန်နှင့် ဂုတ်တွင်း ရဲကင်း တို့မှ တပ်ဖွဲ့ဝင်များ၊ ပြည်သူများပူးပေါင်း ပါဝင်ကူညီဆောင်ရွက်မှုဖြင့် မွန်းလွဲ(၁)နာရီခွဲတွင် ဂုတ်တွင်းလမ်းပိုင်း ပြန်လည်ဖွင့်လှစ်ကာ ပုံမှန်အတိုင်းသွားလာနိုင်ကြောင်း သိရသည်။
စိုင်း(သီပေါ)