နေပြည်တော် ၁၇ ဩဂုတ်


ယနေ့ မွန်းလွဲ ၃ နာရီခွဲမှစတင်၍ (၃)လွှာ တစ်ထပ် အရှည်(၂၁၀ ပေ) နှစ်လမ်းသွား ဘေလီတံတား (ဂုတ်တွင်းတံတား)၏ သံဘောင်များ တပ်ဆင်တည်ဆောက်နေပြီဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်း/တံတား အထူးအဖွဲ့ အင်ဂျင်နီယာများမှ ဂုတ်တွင်းတံတား  (မန္တလေး - နောင်ချို - လားရှိုးလမ်း) ဘေလီထိုးခြင်းလုပ်ငန်း အမြန်ဆုံးပြီးစီးနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

1


အဆိုပါ ယာယီဘေလီတံတား တည်ဆောက်ခြင်းလုပ်ငန်းအား ဩဂုတ် ၂၀ ရက်တွင် ပြီးစီးနိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တည်ဆောက်နေစဉ်ကာလအတွင်း မည်သည့်ယာဉ်မျှ ဖြတ်သန်းသွားလာခွင့် ပြုမည်မဟုတ်ကြောင်းနှင့် ဂုတ်တွင်းတံအားအား ရှောင်ကွင်းသွားလာနိုင်သည့် လမ်းပိုင်းများ၏ အကွာအဝေးနှင့် ကြာချိန်များကို ခရီးသွားမိဘပြည်သူများ သိရှိအောင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကြေညာထားသည်။


MDN
ဓာတ်ပုံ- ဆောက်လုပ်ရေး

 

1

 

1