နေပြည်တော် ၂၀ သြဂုတ်
ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် ဂုတ်တွင်းဘေလီတံတား အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် နေ့ညမပြတ် စက်ယန္တရားအင်အား၊ လူအင်အားအပြည့်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် တံတားသံဘောင်များ Top Chord & Bottom Chord အပြီးတပ်ဆင်ခြင်း၊ တံတားချဉ်းကပ်လမ်း နှစ်ဘက် ဆောင်ရွက်ခြင်းနှင့် တံတား Load Test အလေးခံနိုင်ဝန် စမ်းသပ်စစ်ဆေးပြီးပါက အိမ်စီးကားများ၊ ခရီးသည်တင်ကားများနှင့် ကုန်ကားများ (ယာဉ်+ကုန် = ၃၆ တန်) ကို ယနေ့ညနေပိုင်းတွင် စနစ်တကျ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် လမ်း/တံတား အင်ဂျင်နီယာများနှင့် ကျွမ်းကျင်လုပ်သား အင်အား ၂၀ဝ ကျော်က စက်/ယာဉ်ယန္တရားများဖြင့် လည်းကောင်း၊ Oriental Highways BOT ကုမ္ပဏီမှ အင်ဂျင်နီယာများ၊ စက်/ယာဉ် ယန္တရားများဖြင့် လည်းကောင်း တံတားချဉ်းကပ်လမ်းခင်းခြင်း လုပ်ငန်းများနှင့် တံတားသံဘောင် မူလီများကြပ်ခြင်း လုပ်ငန်းများအား နေ့/ည မပြတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
MDN


