နေပြည်တော် ဇွန် ၂၀

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂျူဒို အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဂျူဒိုနည်းပြနှင့်ဒိုင်လူကြီးသင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က  သင်တန်းသားများအနေဖြင့် မိမိတို့မသိသေးသည့် အချို့သော နည်းစနစ်များ၊ အယူအဆ၊ အတွေးအခေါ်များကို All Japan Judo Federation မှ ဂျပန်နည်းပြဆရာ Mr. HIRRANUMA YAMATO က ယခုသင်တန်းတွင် သင်ကြားပို့ချပေးသွားမည်ဖြစ်၍ နည်းပြများအတွက် အထူးအခွင့်အရေးတစ်ရပ်ဖြစ်ပြီး ရက်တိုသင်ကြားရသည့်အတွက် စိတ်ပါဝင်စားစွာဖြင့် လိုက်နာသင်ကြားကြရန်လိုကြောင်း၊  စွမ်းရည်ပြည့်ဝသည့် နည်းပြဆရာများ၏ အခန်းကဏ္ဍမှာ အရေးကြီးသည့်အတွက် ယခုသင်တန်းတက်ရောက်ကြသည့် သင်တန်းသား/ သင်တန်းသူများအနေဖြင့် မိမိတို့တာဝန်ကျရာ နေရာဒေသများတွင် အခြေခံကောင်းမွန်ပြီး ဝါသနာပါသည့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရန်အတွက် မိမိတို့ကိုယ်တိုင် အရည်အချင်းပြည့်ဝ၍ ထူးချွန်ထက်မြက်ပြီး ကိုယ်ကျင့်တရားကောင်းမွန်သည့် နည်းပြဆရာကောင်းများဖြစ်အောင် ကြိုးစားပြုမူနေထိုင်သွားကြရန် အထူးမှာကြားလိုကြောင်းပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်၍ အခမ်းအနားအား ရုပ်သိမ်းလိုက်သည်။

ဂျူဒိုနည်းပြနှင့် ဒိုင်လူကြီးသင်တန်းအမှတ်စဉ်(၁/၂၀၂၃)သင်တန်းကို ၂၀၂၃ ခုနှစ် ဇွန်(၂၀)ရက်မှ ဇူလိုင်(၁)ရက်အထိ သင်တန်းသား(၂၉)ဦး၊ သင်တန်းသူ(၁၁)ဦး၊ စုစုပေါင်း(၄၀)ဦးဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။

သတင်းစဉ်