Google Play Store မှ အက်ပလီကေးရှင်းများကို ဝယ်ယူရာတွင်ဖြစ်စေ၊ အက်ပလီကေးရှင်းများထဲမှ အခ ကြေးငွေပေးရသည့် လုပ်ဆောင်ချက်များကို ဝယ်ယူ ရာတွင်ဖြစ်စေ၊ ဂိမ်းများထဲမှ Item များကို ဝယ်ယူရာ တွင်ဖြစ်စေ ဖုန်းဘေလ်ဖြင့် တိုက်ရိုက်ငွေပေးချေနိုင်မည့် ဝန်ဆောင်မှုကို အူရီဒူးမြန်မာနှင့် ဂူဂဲလ်တို့ ပူးပေါင်း၍ ဩဂုတ် ၃၀ ရက်မှ စတင်ပြုလုပ်ထားပြီဖြစ်ကာ ယခုလို ငွေပေးချေမှုအတွက် ဂူဂဲလ်နှင့် ပူးပေါင်းခြင်းသည် မြန်မာနိုင်ငံရှိ အော်ပရေတာများထဲတွင် အူရီဒူးက ပထမဆုံးဖြစ်ကြောင်း သိရသည်။

အူရီဒူးနှင့် ဂူဂဲလ်တို့ ပူးပေါင်းဆောင်ရွက်မှု၏ ပထမ အဆင့်အနေဖြင့် (စတင်ဝယ်ယူကတည်းက Google Play Store အက်ပလီကေးရှင်းပါသည့်) အန်းဒရွိုက် ဖုန်းများကို အသုံးပြုနေသော အူရီဒူးဆင်းကတ် သုံးစွဲ သူများသည် Google Play Store မှ ဝယ်ယူ အသုံးပြုရမည့် အက်ပလီကေးရှင်းများနှင့် အက်ပလီ ကေးရှင်းများအတွင်းမှ ပရီမီယမ်လုပ်ဆောင်ချက်များ ကို ဝယ်ယူရာတွင်လည်းကောင်း၊ ဂိမ်းများအတွင်းမှ Item များ ဝယ်ယူရာတွင်လည်းကောင်း Credit Card များ သုံးစွဲစရာမလိုတော့ဘဲ အူရီဒူး ဖုန်းဘေလ်ဖြင့်ပင် အလွယ်တကူ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ အက်ပလီကေးရှင်းနှင့် အခပေးလုပ်ဆောင်ချက်များ၊ ဂိမ်း  Item များကို ဝယ်ယူလိုသည့် သုံးစွဲသူများအနေဖြင့် Google Play Store သို့ G-mail ဖြင့် ဝင်ရောက် ပြီးနောက် သက်ဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း မှတ်ပုံတင်ခြင်းကို အဆင့်ဆင့် လုပ်ဆောင်ရမည်ဖြစ်ကာ ငွေပေးချေရန် လမ်းကြောင်းကို ရွေးချယ်ရာတွင် အူရီဒူးကို ပြောင်းထားရန်သာ လိုအပ်မည်ဖြစ်သည်။

“သုံးစွဲသူတွေဟာ ပရီမီယမ် အက်ပလီကေးရှင်း တွေနဲ့ သူတို့နှစ်ခြိုက်ရာ အက်ပလီကေးရှင်းတွေထဲက ဝယ်ယူမှုတွေကို လုပ်ချင်တဲ့အခါမျိုးမှာ အြွေကးဝယ်ကဒ် လိုအပ်တာကြောင့် တစ်ခါတစ်ရံ အခက်အခဲဖြစ်တာကို ကျွန်တော်တို့အနေနဲ့ သတိပြုမိပါတယ်၊ အခုတော့ အူရီဒူးသုံးစွဲသူတွေအနေနဲ့ မိမိတို့ရဲ့ဖုန်းဘေလ်ကို အသုံး ပြုပြီး အလွယ်တကူ ဝယ်ယူနိုင်တော့မှာဖြစ်ပါတယ်၊ အူရီဒူးသုံးစွဲသူတွေအနေနဲ့ ဒီဝန်ဆောင်မှုကိုသုံးဖို့ ထပ်မံ ဝန်ဆောင်ခ ပေးစရာမလိုဘဲ အသုံးပြုနိုင်မှာဖြစ်ပါ တယ်” ဟု အူရီဒူးမြန်မာ၏ စီးပွားရေးဆိုင်ရာအရာရှိချုပ် Alok Verma က ပြောကြားသည်။

ပြည်တွင်းမှ အန်းဒရွိုက်ဖုန်းများကို သုံးသူတိုင်းနီးပါး အသုံးပြုနေရသော အက်ပလီကေးရှင်းစတိုးဖြစ်သည့် Google Play Store မှ အက်ပလီကေးရှင်းများကို ဖုန်းဘေလ်ဖြင့်ပေးချေ၍ ဝယ်ယူနိုင်ရန် အူရီဒူးအနေဖြင့် မြန်မာနိုင်ငံတွင်ပထမဆုံး ဆောင်ရွက်ခဲ့သလို ပိုကောင်း သည့်ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လည်း ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အူရီဒူးမြန်မာက သတင်းထုတ်ပြန်ထားသည်။ သူရဖြိုး